ကြေကွဲအခန်းငယ်လေးထဲမှာ
ဝေခွဲမရခြင်းအတွေးနယ်ချဲ့ 
အိမ်ပြန်ရမယ့် ရက်စွဲတွေ
ကျော်လွန်သွားပြီးလား.....။
မတွေးတတ်ဘူး။
တစ်ရာသီစာလုံး မျိုသိပ်ထားရတဲ့...... မြတ်နိုးခြင်းတွေကို
အဖန်ဖန်အခါခါ ပြန်စဉ်းစားကြည့်တော့
စစ်စစ်မှန်မှန် ချစ်ပါလျှက်
ဘာကြောင့် အထီးကျန်ဖြစ်နေတာလဲ..။
သိပ် မသေချာဘူး....
ချစ်သူထားခဲ့တဲ့နေရာ
ဒီအခန်းကျဉ်းလေးထဲမှာလား.....
အလွမ်းအကျဉ်းခန်းထဲမှာလား.....
အိပ်မက်တွေတိုင်းတော့
အလွမ်းတွေ တိမ်ဖွဲ့ နေတယ်။
ပြန်လာမယ့်နေ့  မှပဲ

No comments:
Post a Comment