Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

မိန်ကလေးများလုံခြုံမှု ရှိကြပါ


မြန်မာ မိန်းကလေးညီမ ငယ်လေးတွေအတွက်ရည်ရွယ်ရေးတာပါ… မှားတာပါရင်လည်းစေတနာအမှားပါ…။
ခေတ်ရေစီးကြောင်းတွေ တဟုန်ထိုး ပြောင်းလဲမှုအောက်မှာ ကျွန်တော်တို့ လူငယ်တွေရဲ့ ၀တ်ပုံ၊ စားပုံနေထိုင်
သွားလာပုံတွေဟာ ခေတ်နဲ့အညီဖြစ်စေ၊ ခေတ်မီသည် ဖြစ်စေ၊ ခေတ်လွန်၍ ဖြစ်စေလျင်မြန်စွာနဲ့ ပြောင်းလဲနေ
တာ အမှန်ပါ။ ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ရုပ်ဝတ္ထု များ တိုးတက်လာတာရှိသ
လို ဆုတ်ယုတ်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း ရှိပါတယ်။ ကမ္ဘာ့ရွာ ကြီး ဖြစ်တည်မှု(နည်းပညာတိုးတက်မှု)
ကို အကြောင်းပြပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု ယဉ်ကျေးမှုတွေ ယှက်နွယ် နိုင်ပေမယ့်လည်း အခြေခံယဉ်ကျေးမှုခြင်း
မတူ ညီတဲ့ ဝတ်စားဆင်ယင်မှုကိုတော့ ပုံတူကူးယူလို့ မဖြစ် သင့်တဲ့အကြောင်းကိုတော့ ညီငယ်၊ ညီမငယ်တွေ
ကို သ တိမူ စေချင်ပါတယ် ။ ဘာလို့လည်းဆိုတော့ကျွန်တော်တို့အားလုံးဟာမြန်မာနိုင်ငံသား မြန်မာလူမျိုးတွေ
ဖြစ်တာကြောင့်ကိုယ့်ရဲ့ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းတွေကိုလိုက်နာစောင့်ထိမ်းရမှာဖြစ်လို့ပါ..…အခုလိုအစစအ
ရာရာတိုးတက်နေတဲ့ခေတ် ကြီးထဲမှာ ကျွန်တော်တို့အားလုံးဘယ်ကို ရောက်နေ ၊ရောက်နေ ဆက်သွယ်လို့ ရနေပါပြီ...။ အဲဒီလိုတိုး တက်မှုတွေ နဲ့ အတူ ၊ ပျက်စီးမှုတွေကလည်း တဖြည်းဖြည်းနဲ့ များလာပါပြီ.။ အဲဒီ ပျက်စီးမှုတွေထဲမှာကျွန်တော်တို့မြန်မာ( ညီငယ်ညီမငယ် ) တွေကိုမပါစေချင်ပါဘူး…။
အခု အင်တာနက်မှာခေတ်စားနေတဲ့ Video Chat တွေဖြစ်တဲ့ Gmail/ Vzo/ skyp/ facebook နဲ့တခြား
ကျွန်တော်မသိသေးတဲ့ Video chat တွေမှာမြန်မာမိန်းကလေးတွေ (အနည်းငယ်ပါ) အရှက်နည်းစွာအဖော် အချွတ်တွေနဲ့ချက်နေတဲ့သတင်း တွေ၊ သူတို့ရဲ့ဓါတ်ပုံတွေအွန်လိုင်းမှာမမြင်ချင်မကြားချင်အဆုံးပါ…ကိုယ့်ရဲ့ မိဘ၊
ညီအကို မောင်နှမတွေရဲ့မျက်နှာကိုအိုးမည်းသုတ်ပြီး အရှက်ခွဲလိုက်တာနဲ့အတူတူပါဘဲဆိုတာသူတို့မစဉ်းစား မိတာ
ရင်နာစရာပါ…။ စဉ်းစားဥာဏ်မရှိရအောင်လည်း စာမတတ်ကြတဲ့သူတွေလည်းမဟုတ်ပါဘူး.....။ Computer
ကိုင်ပြီး Internet သုံးနေကတည်းကအထိုက်အလျှောက်ပညာတတ်လို့ပေါ့…ဘာကြောင့်အမှား နဲ့အမှန်ကိုခွဲခြားပြီး
မသိနိုင်တာလည်း?… ကိုယ်တကယ်ချစ်နေတဲ့ယောက်ကျားလေးကတောင်းဆိုလို့သူ့ကိုချစ် လို့၊ သ နားလို့လိုက်ရော
တာဆိုရင်တော့ အဲဒီဆင်ခြေကတော်တော်မှားနေပါပြီ… “တန်ဖိုးမရှိတဲ့ မိန်းကလေး တစ်ယောက်ကိုဘယ်ယောက်ျား
လေးကမှ အတည်မကြံပါဘူး” ညီမငယ် များ အဲဒါလေးကိုမှတ်ထားပါ...နောက်တခုက ယောက်ကျားလေးတ
ယောက် အနေနဲ့ကိုယ်တကယ်တန်ဖိုးထားချစ်တဲ့ မိန်းကလေး တ ယောက် အပေါ်ဘယ်တော့မှဒီလိုအခွင့်အရေးမျိုး
တောင်းဆိုမှာမဟုတ်ပါဘူး(ကိုယ့်စိတ်နဲ့နှိုင်းပြီး ပြောတာပါ)။ကျွန်တော် တို့ယောက်ကျားလေးတွေဟာ ကိုယ်ကိုယ်တိုင်
ဆိုးချင်ဆိုးခဲ့မယ်....ရှုတ်ချင် ရှုတ်ခဲ့မယ်ဒါပေ မယ့် ကိုယ်ယူတဲ့ မိန်းကလေးကိုတော့တန်ဖိုးရှိစေချင်ကြတယ်...
ဆတ်ကော့၊ လက်ကော့မဖြစ်စေချင်ကြဘူး...ဒါမတရားမှုလားဆိုတာတော့ ကျွန်တော်သေသေချာချာမပြောပြတတ်
ပါဘူး...သူတို့တောင်လုပ်သေးတာဘဲငါတို့လည်းဘာလို့မ လုပ်ရမှာလည်းဆိုပြီးယောက်ကျားလေးတွေနဲ့သွားယှဉ်ရင် ကိုယ်ပဲရှုံးမှာပါ…ဘာလို့လည်းဆိုတော့ကိုယ်ကမိန်း ကလေးဖြစ်နေလို့ပေါ့… ဒါကြောင့်ညီမငယ်တွေအနေနဲ့အွန်လိုင်း
ပေါ်မှာအွန်လိုင်းမင်းသမီးမဖြစ်ရလေအောင် အရှက်တကွဲအကျိုးနည်းမ ဖြစ်ရလေအောင်ဂရုစိုက်ကြဖို့ပြောချင်ပါတယ်…
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ မမြင်သင့်၊ မပြသင့်တဲ့အရာတွေကိုလုံခြုံစွာထိန်းသိမ်းရင်းနဲ့မိန်းကလေးယောက်ရဲ့အိနြေ္ဒ၊ သိက္ခာ
တွေကိုထိန်းသိမ်းကြပါ… အင်တာနက်ဆို တာကိုတန်ဖိုးရှိအောင်အသုံးချစေချင်ပါတယ်…
မိန်းကလေးဟာမိန်းကလေးဖြစ်တာမို့လို့ မိန်းကလေးပီသအောင် အစစ အရာရာအားလုံးဂရုစိုက်သင့်ပါတယ်...
သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ၊ စားတာ၊ သောက်တာ အစအိနြေ္ဒ၊ သိက္ခာလေးနဲ့နေထိုင်သင့်ပါတယ် ။ ခုခေတ်တော့မိန်းကလေးတွေကတော့ပွင့်လင်းလွန်းလှပါတယ်...အိနြေ္ဒ၊ သိက္ခာ တွေလည်းမဲ့ကုန်ပြီလို့ပြောမ လိုအောင်ပါဘဲ(လူနည်းစုပါ)...။ ၀တ်တာ၊ စားတာ၊ နေတာထိုင်တာတွေကိုလည်းကြည့်အုန်းလေ... အဖော်၊
အလှော်၊ အချွတ်တွေ များလာပြီးအင်္ကျီဆိုလည်း လည်ကဟိုက်၊ စကပ်ဆိုလည်း အခွဲတွေကရိုးလို့၊ ပေါင်ကပ်အ တိုလေးတွေဝတ်ကြတာ၊ ဆံပင်ဆိုလည်းနီလိုနီ၊ စိမ်းလိုစိမ်း၊ ၀ါလိုဝါနဲ့အ ရောင်ကိုစုံနေတာဘဲ….ဘယ်လိုတွေ ဖြစ် ကုန်သလဲဆိုတာ မပြောတတ်တော့ပါ ဘူး… လှချင်တာအဲဒါတွေမလိုပါဘူး...။ အရင်တုန်းကလူတွေကတော့
ဆံပင်ကိုနက်မှောင်သန်စွမ်း ပြီးရှည်လျားချင်လွန်းလို့အမျိုးမျိုးလုပ်ကြပါတယ်…မြန်မာစကားပုံလေးတခုတောင် ရှိပါ
တယ်...“ ယောက်ျားမှာ လက်ရုံး ၊ မိန်းမမှာ ဆံထုံး” တဲ့...။အခုတော့မဟုတ်တော့ပါဘူးခေတ်ကပြောင်းသွား
ပါပြီ.. ။ ၀တ်တဲ့အ ၀တ်အစားကလည်းခန္ဓာကိုယ်အပေါ်ပိုင်း ဟတတ နဲ့မလုံမခြုံ အရှက်လုံရုံသာသာအင်္ကျီလေး
တွေ ၊ အောက်ပိုင်းကလည်းချက်အောက် ရောက်အောင်ဂွတိုတို ဘောင်းဘီတွေ၊ စကပ်ပါးလှပ်လှပ် လေး တွေ၊
ဘောင်တစ်ဝက်ကျော်တဲ့ ဘောင်းဘီတိုလေးတွေဝတ်ကြပါတယ်။ဒါတွေဟာလူမြင်ကွင်းအလယ်မှာ (မြန်မာလူမျိုး
တွေ အနေနဲ့) မတင့်တယ်တာတော့အမှန်ပါ။ စေ့စေ့မကြည့်ရက်နိုင်အောင်ပိုမိုဝတ်ဆင်လာကြတာကိုသတိထားမိ
ပါတယ် ။ ဘောင်းဘီဂွတွေကတိုတော့အ နောက်ကကြည့်ရင်အတွင်းခံကိုတောင်မမြင်ချင်ပါပဲ တွေ့နေပါရတယ်…
အသစ်ဆိုရင်တော့ခံသာပါသေးရဲ့..အသားဖြူရင်တော့တစ်မျိုးပေါ့ …မြန်မာနိုင်ငံမှာကိုရီးယားဇာတ်ကားတွေခေတ်
စား လာတဲ့နောက်ပိုင်းမိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှုတွေလည်း ကိုရီးယားတွေကိုအတုခိုးဝတ်စားလာတာ
တွေလည်းတွေ့ရပါရဲ့…သူတို့ တွေကအသားကဖြူ ၊ ကိုယ်လုံးကိုယ်ပေါက်ကလည်းအချိုးအဆစ်ကျကျလှပတဲ့
သရုပ်ဆောင်တွေမို့ဘာဝတ်ဝတ်လှပါတယ်… အဲကျွန်တော်တော်တို့ဆီကသူတွေကတော့(နှိမ်ချပြောဆိုခြင်းမဟုတ်
ပါ)အသားကမဖြူ၊ ဗိုက်ကပူ၊ ချေသလုံး၊ ပေါင်လုံးကတုတ်နဲ့ ကိုရီးယားစတိုင်ကိုအတုခိုးဝတ်ဆင်ထားတာများကြည့်
ရတာတော်တော်ဆိုးပါတယ် (တချို့လူနည်းစုပါ)..။ မိန်းကလေးတယောက်အနေနဲ့ဝတ်စား ဆင်ယင်မှုဟာအရမ်းအ
ရေးကြီးပါတယ်… ကိုယ့်ရဲ့မလုံမခြုံဝတ်စားဆင်ယင်မှုဟာ ကိုယ့်ရဲ့အန္တရာယ်ကိုကိုယ်တိုင်ဖိတ်ခေါ်နေ တာပဲဆိုတာကို
သတိပြုသင့်ပါတယ်…
ဝတ်စားဆင်ယင်တာကို ခေတ်နဲ့လျော်ညီစွာ ၀တ်ဆင်တာကိုတော့ အပြစ်မဆိုသာပါဘူး။ဒါပေမယ့်အပျိုလေးတွေတန်
မဲ့အပျိုဂုဏ်ပုဒ်ကျဆင်းစေလောက်အောင်ဝတ်စားတာကိုတော့သတိကြီးစွာနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ မြန်မာ အမျိုး
သမီးကောင်း လေးတွေကိုယ့်ယဉ်ကျေးမှုကိုဘာလို့များခိုင်မြဲ အောင်မထိန်းသိမ်း နိုင်ရပါသလည်းဆိုတဲ့ မေးခွန်းထုတ်
စရာပါ… မိမိဥစ္စာပစ္စည်းကိုမိမိလုံခြုံ အောင်သိမ်းဆည်းထားပါမှသူခိုးသူဝှက်တို့ရန်ကနေကင်းဝေးမှာပါ။ ဒီလိုပါပဲ မိမိ
တို့ရဲ့ ၀တ်စား ဆင်ယင်မှု တွေကို လုံခြုံအောင် ၀တ်စားဆင်ယင်နိုင်ပါမှ ယဉ်ကျေးမှုအရှက်သိက္ခာကိုမပွန်းပဲ့အောင်
၊လူအများအထင်သေးမခံရအောင် စောင့်ရှောက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မိမိ တိုင်းပြည်၊ မိမိလူမျိုး၊ မိ
မိယဉ်ကျေးမှု၊ မိမိဂုဏ်သိက္ခာ၊ မိမိအပျိုဂုဏ်တွေမလျော့ပါးစေဖို့၊အထင်သေးအမြင်သေးမခံရ စေဖို့ မြန်မာမိန်းကလေး
(ညီမငယ်)များ“ လုံခြုံမှု ရှိကြပါ ” လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ…။
(စကားချပ်)….။ဒီပို့စ်ကိုကျွန်တော်ရေးသားရာတွင်မိန်းကလေးတွေရဲ့အိနြေ္ဒ၊သိက္ခာတွေကို နှိမ့်ချ စော်ကားရေး သားထားခြင်းမဟုတ်ပါဘူးခင်ဗျာ…ညီမငယ်များကိုအမှားအမှန်ခွဲခြားသိမြင်တတ်အောင် ဖော်ပြရေးသားထားခြင်း သာဖြစ်ပါတယ်ခင်ဗျာ…ကျွန်တော့်ရဲ့အရေးအသားတွေကတဖက်စောင်းနင်း ဖြစ်နေမယ်၊ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာကိုစော်ကားသလိုမျိုးဖြစ်ခဲ့မယ်ဆိုရင်စာဖတ်သူညီအကို မောင်နှမအားလုံးကိုဒီနေရာကနေ ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ….။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့