Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 April 2012

အခွင့်အရေး

တခါတုန်းက မြို့လေးတစ်မြို့က လမ်းဆုံတစ်နေရာမှာ လူငယ်လေး တစ်ဦးဟာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ထား
တာပေါ့။ ရိုးသားဖြောင့်မတ်တယ် ၊ ကြိုးစားတယ် ၊ ဖော်ရွေတယ် ဒါကြောင့် လူချစ်လူခင်များတယ် ၊ လူတွေဟာ
သူ့ဆိုင်မှာ ဈေးဝယ်တယ် ၊ သူများတွေကိုပါ ၀ယ်သူတွေက တိုက်တွန်းပေးတယ် ၊ ဒီတော့ စီးပွားရေးလုပ်ငန်း
စည်ပင်လာတယ် ၊ ဆိုင်သေးသေးလေးကနေ ဆိုင်ကြီးဖြစ်လာတယ် ၊ တစ်ဆိုင်ကနေ နှစ်ဆိုင် သုံးဆိုင်  တစ်နိုင်ငံ
လုံး တနံတလျား ဆိုင်ခွဲတွေ အများကြီး ဖြစ်လာတာပေါ့ ၊ တနေ့တော့ သူဟာ ဆေးရုံမှာ ဘုန်းဘုန်းလဲပါလေရော ၊
ဆရာဝန် တွေက ဒီတောင်ကို မကျော်နိုင်တော့ မှန်းသိနေကြပြီ ၊ ပုဂ္ဂိုလ်ကြီးဟာ သားသုံးယောက်ကို ဆေးရုံကို ခေါ်
လိုက်ပြီး ၊ အရည်အချင်းစစ် ပွဲတစ်ခုပြုလုပ်တယ် ။


“မင်းတို့သုံးယောက်ထဲက တစ်ယောက်ဟာ အဖေနှစ်ပေါင်းများစွာ အချိန်ယူ ထူထောင်လာခဲ့တဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌ
 
အဖြစ် ဆောင်ရွက်ရမယ် ၊ ဒီရာထူး အခုဘယ်သူနဲ့ ထိုက်တန်လဲ ဆိုတာ ငါအခု ဆုံးဖြတ်မယ် ရော့ ဒီမှာ တစ်ဒေါ်လာ
 
တန် တစ်ရွက်စီယူသွားကြ ၊ ၀ယ်ချင်တာဝယ်ခဲ့ ၊ ညနေ ဆေးရုံကို ပြန်လာခဲ့ကြ ၊ ၀ယ်လာတဲ့ ပစ္စည်းနဲ့ ဒီအခန်း
 
ထောင့်စေ့ ပြည့်အောင်ဖြည့် နိုင်ရမယ် ”
 
 
 
 
သားသုံးယောက်ဟာ အောင်မြင်နေတဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌဖြစ်ရမယ် ဆိုတော့ ၀မ်းသာ ပီတိဖြစ်ကြတာပေါ့ ၊ မြို့တွင်း
 
ဝင်ပြီး တစ်ဒေါ်လာဘိုး အပြိုင်အဆိုင် ဈေးဝယ်ထွက် ၊ ညနေကြ တော့ အဖေဖြစ်သူကမေးတယ်
 
 
 
“သားကြီး မင်းတစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ”
 
 
“အဖေ ကျွန်တော် သူငယ်ချင်းရဲ့ ယာတောကိုသွားပါတယ် ၊ တစ်ဒေါ်လာပေးပြီး
 
ဟောဒီ ကောက်ရိုးနှစ် ထုံးဝယ်လာပါတယ် ”
 
 
 
 
ကောက်ရိုးတွေကို အခန်းထဲဖြန့်ခင်းပြီး လိုက်တယ် ။ အခန်းထဲမှာ ကောက် ရိုးတွေ ကြဲပြန့်သွားပေမဲ့ ၊ ထောင့်စေ့အောင်
 
မပြည့်နိုင်ဘူး ဖြစ်နေတယ် ။ ဒါနဲ့အဖိုးကြီးက
 
 
 
“သားလတ် မင်းကော တစ်ဒေါ်လာနဲ့ ဘာတွေဝယ်လာ ခဲ့သလ”ဲ
 
 
“ကျွန်တော် ကုန်ပဒေသာ တိုက်ကြီးတစ်ခုကို တက်ပြီး ဟောဒီ ကြက်မွှေးနဲ့ လုပ်တဲ့ ခေါင်းအုံးနှစ်လုံး ၀ယ်လာပါတယ် ”
 
 
 
ကြတ်မွှေးခေါင်းအုံးကို ဖောက်ပြီး အခန်းထဲကိုဖြန့်ကြဲလိုက်ပေမဲ့ အခန်းက ထောင့်မစေ့ပြန်ပါဘူး ၊
 
 
 
“ကဲသားငယ် မင်းရော တစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ” 
 
 
“အဖေ သားကတော့  အဖေအရင် တုန်းက ဖွင့်ခဲ့တဲ့ ဆိုင်မျိုးကို တွေ့အောင်ရှုာခဲ့ပါတယ် ။ ဆိုင်ရှင်ကို တစ်ဒေါ်လာ
 
ပေးပြီး အကြွေ အရင်ဖြတ်လိုက်ပါတယ် ၊ ဆင့်ငါးဆယ်နဲ့ ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုကို အရင်ဆုံးလုပ်
 
လိုက်ပါတယ် ၊ နောက် ဆင့်နှစ်ဆယ်ကို ကုသိုလ်ဖြစ် လူမှု့ရေးအဖွဲ့စည်းတစ်ခုကို လှူဒါန်းလိုက်  ပါတယ် ၊
 
နောက်ဆင့်နှစ်ဆယ်ကို ဘုရားရှိခိုးကျောင်းကို လှူလိုက်ပါတယ် ၊ ကျန်တဲ့ ဆယ်ဆင့် နဲ့ ဒီပစ္စည်းနှစ်ခု ၀ယ်လာပါတယ်”
 
 
 
 
သားငယ်ဟာ သူ့အိတ်ထဲက မီးခြစ်ဗူးနဲ့ ဖယောင်းတိုင်လေးကိုထုတ်လိုက်ပါတယ် ၊ မီးခြစ်ပြီး ဖရောင်းတိုင်လေးကို
 
မီးညှိလိုက်ခါ ၊ လျှပ်စစ်မီးကို ပိတ်လိုက်တယ် ၊ ဖယောင်းတိုင် မီးအလင်းရောင်ဟာ တစ်ခန်းလုံးကို ထောင့်စေ့ ပြည့်
 
လျှံအောင်ထိ ထွန်းလင်းသွားပါတယ် ၊ အဘိုးကြီးဟာ အရမ်းဝမ်းသာပြီး “ဒါမှ ငါ့သားကွ မင်းသာဥက္ကဋ္ဌ ဖြစ်ထိုက်တယ် ၊
 
လူ့ဘ၀ အတွက် အရေးကြီးဆုံး သင်ခန်းစာကို မင်းသဘောပေါက်တယ် ၊ ဉာဏ်အလင်းရောင်ကို မင်းဘယ်လို ထွန်းညှိ
 
ရမယ်ဆိုတာ မင်းသဘောပေါက်တယ် ၊ လူ့ဘ၀မှာ ဒါအရေးကြီးတယ်ကွ။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့