Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 April 2012

တစ်ညတာတော့ ပျော်ရွှင်ခွင့်ပေးပါရှင်

ခြောက်ကပ်ကပ်ရယ်သံနဲ့
စိတ္တဇည ကောင်းကင်အောက်က
အခန်းကျဉ်းလေး တစ်ခုမှာ
မွန်းကြပ်တဲ့ အတွေးတွေရှုပ်ပွ
ငါ့ခေါင်း တစ်ခုလုံး ခြာခြာလည်နေတယ်။
နားစမ်းပါ ဖိစီးနေတဲ့ အလုပ်၊
သွားစမ်းပါ နှလုံးသားထဲက အချစ်၊
ထားစမ်းပါ ရင်ထဲက အလွမ်း၊
ဘာဆိုဘာမှ ငါမတွေး
လင်းတစ်လှည့် မှိန်တစ်လှည့်
ကြယ်ရောင်စုံအောက်က ဘဝတွေလဲ
ဖြုတ်ခနဲ့ ဖျတ်ခနဲ့ ကြွေကာသွားခဲ့တတ်တာမို့
မသေခင် ခဏ ၊ ဒီတစ်ညတော့
ပူပင်ခြင်းကင်းစွာနဲ့
လွပ်လွပ်လပ်လပ် ပျော်ပါရစေရှင်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့