ရေငတ်တာ မဟုတ်ဘူး
ရွှေထက်တောင် အလှထူးလို့
့ရင်ဘတ်မှာ စူးမျက်
ပေကပ်ကပ်နှလုံးသား
ဗြုန်းစားကြီးဝုန်းဒိုင်းကြဲ
ပြုံးတိုင်းလဲ လှတဲ့မင်း
ဘာလဲလို့ ... ..?
မကျေမနပ် အဖြေခက်တာ
မနေ့ကထိ .. . .
ဒီမနက်မှာတော့ ... . .
သေသပ်စွာ ပြုံးတတ်သော
မင်းနှုတ်ခမ်း ကြောင့် ..
လှုပ်ရမ်းတဲ့ နှလုံးသားအသံ
စာလုံးပေါင်းမှန်ခဲ့ပါပြီ။
"အချစ်" တဲ့ .. . . ..။
No comments:
Post a Comment