Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 13 April 2012

Computer Mouse Rught Click Background ထည့်နည်း

ကဲ.....ဒီတခါ သူငယ်ချင်းတို့ ကို Software နောက်တခု့  ပေးမယ် ။
သူငယ်ချင်းတို့  ကွန်ပျူတာမောက်စ်ကို  Desktop ပေါ်မှာပဲ ဖြစ်ဖြစ်  Folder တွေပေါ်မှာပဲ ဖြစ်ဖြစ်
Right Click့ နှိပ်ရင် ပေါ်လာတဲ့  Pop-up Menu  မှာ သူငယ်ချင်းတို့ ရဲ့ စိတ်ကြိုက်ပုံလေး
ထည့်ကြည့်ရအောင် ။အောက်မှာပြထားတဲ့ ပုံစံလေး ဖြစ်သွားအောင်လုပ်မှာပါ
အသုံးပြုပုံလေးပါ ရှင်းပြလိုက်မယ်နော် ။ အရင်ဆုံး ဆော့ဝဲလ်လေးကိုဒေါင်းလိုက်ပါ။
ရလာတဲ့ ဆော့ဝဲလ် Icon လေးကို   Right click တချက်နှိပ်ပါ ။(မှတ်ချက် ။ Left click ၂ချက်မနှိပ်ပါနဲ့ ။အဲဒါဆို ဆော့ဝဲလ်ကအလုပ်မလုပ်ပါဘူး ။) ။ ပြီးရင်အဲဒီ Right click Pop-up Menu ထဲမှ ဒုတိယ အကြောင်း Run as administrator လေးကိုကလစ်လိုက်ပါ။ ဒါဆိုရင်အောက်ကပုံမှာပြထားတဲ့အတိုင်းSoftwarebox လေးပေါ်လာပါမယ်။
ပြီးရင်အဲထဲမှ Install Dll ဆိုတာလေးကို ကလစ်ပါ ။ OK ဆိုပြီး  box တခု ထပ်ပေါ်ပါမယ်။အောက်မှာပြထားသလိုပေါ်ပါလိမ့်မယ် ။
အိုကေပေးလိုက်ပါ။
ပြီးရင် အောက်က  Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။
ပုံထည့်ပါ။ ပုံထည့်ပြီးရင် အဲအကွတ်လေးမှာ သူငယ်ချင်းတို့ ထည့်တဲ့ ပုံပေါ်နေပါလမ့်မယ်။ အောက်ကပုံအတိုင်းဖြစ်နေရပါမယ် ။
ပုံထည့်ပြီးရင် Apply ဆိုတဲ့ အကွတ်လေးကို ကလစ်လိုက်ပါ ။အောက်ကပုံလို box လေးပေါ်လာရင်  ok ပေးလိုက်ပါ ။ဒါဆို ပြီးပါပြီ ။
ကပ်လျက်အောက်မှာရှိတဲ့  (About နဲ့  Restar Exploer) ဆိုတဲ့ ၂ကွတ်ကတော့ နှိပ်ဖို့ မလိုအပ်ပါဘူး ။နှိပ်လဲ ဘာမှ မဖြစ်ဘူး သိချင်ရင်တော့ စမ်းကြည့်ပေါ့ ။ အားလုံးပြီးရင် အပေါ် Menu ကြက်ခြေခတ်လေးကနေ ဆော့ဝဲလ်ကို ပိတ်လိုက်လို့ ရပါပြီ ။ပြီးရင်  Folder လေးတခုပေါ် Right Click ထောက်ကြည့်လိုက်ရင်သူငယ်ချင်းတို့ ထည့်ထားတဲ့ ပုံလေးကို မြင်နေရမှာပါ ။အောက်မှာ ထည့်ထားတဲ့ ပုံလေးကို Right Click လုပ်ရင်ပေါ်တဲ့ပုံလေးပါ ။
Image ကိုကလစ်ပီး စိတ်ကြိုက်ပုံပြောင်းထည့်ပြီးရင် Apply ပေးလိုက်ရုံပါပဲ ။ကဲ....ဒါဆို အားလုံး အိုကေသွားပါပြီ ။ပုံထည့်ရင် အရောင်ဖြော့တဲ့ ပုံလေးတွေထည့်ရင် ပိုလှမှာပါ ။
ရှင်းတာ ရှင်းပြတာ ကိုယ့်ဘာကိုယ်လုပ်တတ်မယ်လို့ ထင်ပါတယ် ။ ထက်ထက်ရှင်းပြတာမှ ပိုရှုပ်နေမလား မတိဝူး ..........:D ။
ဒေါင်းဖို့ အောက်မှာ Link ၂ခုပေးထားပါတယ် ။
http://www.mediafire.com/?16x5u437lkmw10y
ဆော့ဝဲလ်လေးက Portable ဆိုတော့ သုံးရတာ ပေါ့ပါးတာပေါ့ဗျာ ။ဒေါင်းရတာလဲ မကြာပါဘူး ။
နက်ကောင်းရင် ၁ မိနစ်လောက်နဲ့ရတယ် ။မကောင်းရင်တော့ ၅ မိနစ်လောက်ပေါ့ ။
အားလုံးပဲ ကြိုက်ကြမယ် အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့