Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 April 2012

အချစ်ဆိုတာထက် သံယောဇဉ်ကို ပိုကြောက်သူပါ..။

ဒီညလေး...........
 
အတွေးများစွားနယ်ချဲ့မိခဲ့တယ်။
 
သူငယ်ချင်းတိုင်းကို ငါပြောတတ်ခဲ့တဲ့စကားတစ်ခွန်း ငါ့နှလုံးသားကသူအခန်းနဲ့သူပါလို့
 
ဟုတ်ပါတယ်......ကျွန်မလူတိုင်းကိုခင်ပါတယ်..
 
ကွန်မဘက်ကပေးနိုင်သလောက် ဂရုစိုက်နိုင်သလောက် အားပေးနိုင်သလောက် ပေးခဲ့ဖူးတယ် ဂရုစိုက်ခဲ့ဖူးတယ်....
 
ကျွန်မမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးရှိတယ်.....
 
အဲ့ဒီအိမ်လေးထဲမှာ ကျွန်မကအိမ်ရှင်မပေါ့ နော်......
 
တံခါးခေါက်ပီး ဝင်လာတဲ့သူတိုင်းလည်း ကျွန်မက မကြိုဆိုတတ်ခဲ့ပြန်ဘူး
 
ကျွန်မကိုယ်တိုင်က လိုလိုလားလား စိတ်ထဲကမခံစားတတ်ပဲ ဘာတစ်ခုမှမလုပ်တတ်ခဲ့ပြန်ဘူး
 
ဒါကြောင့် လာခေါက်ကြတဲ့တံခါးခေါက်သံတိုင်း မျက်စိမှိတ်ပြီး နားပိတ်ခဲ့သူပါ....
 
ကျွန်မဂရုစိုက်နိုင်တဲ့အတိုင်းအတာတစ်ခုထဲနဲ့ အိမ်လေးထဲမှာ သူငယ်ချင်းမိသားစုဘဝလေးတည်ဆောက်ခဲ့တယ်
 
ပျော်ဖို့ကောင်းတယ်...
 
နွေးထွေးတယ်....
 
ပိတိတွေအပြည့်နဲ့ပေါ့.....
 
အစ်ကိုတွေအစ်မတွေကြားမှာ ကျွန်မက ခပ်ဆိုးဆိုးညီမလေးပေါ့
 
မောင်လေး ညီမလေးတွေရှေ့မှာ ကျွန်မက ခပ်တည်တည်နဲ့လူကြီးဖြစ်ပေါ့
 
အဲ့လိုနဲ့ ကျွန်မနှလုံးသားလည်းတစ်ဖြည်းဖြည်း ရင့်ကျက်လာခဲ့တယ်
 
အသိတရားတွေရခဲ့တယ် လူဘဝဆိုတဲ့အေးမြတဲ့ချစ်ခြင်းမေတ္တာကို ကျွန်မစားသုံးနေခဲ့တယ်
 
တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်လည်း အလိုမကျဖြစ်တတ်သေးတယ်
  
ဒီလိုနဲ့ ဒီလိုနဲ့ပေါ့......
 
အထီးကျန်တဲ့ ကျွန်မဘဝထဲမှာ သူငယ်ချင်းတွေနဲ့အချိန်ကုန်ခဲ့တယ်..

တစ်နေ့....လူတစ်ယောက် တံခါးလာခေါက်တယ်
 
 
 
လူစိမ်း။   ။ ဒေါက်ဒေါက် ဒေါက်...
 
ကျွန်မ။   ။ ဟယ်လို မင်္ဂလာပါ.
 
လူစိမ်း။   ။ ဒီအိမ်မှာကျွန်တော်နေပါရစေ...
 
ကျွန်မ။   ။ဟုတ်ကဲ့ ကြိုဆိုပါတယ်။
 
လူစိမ်း။   ။ ဒီပစ္စည်း ကျွန်တော်သုံးပါရစေ....
 
ကျွန်မ။   ။ တန်ဖိုးတော့ထားပေးပါ။  ယူသွားပါ။
 
လူစိမ်း။   ။ ဒီနေ့ရာသီဥတုသာယာတယ်။ ကျွန်တော်အခန်း သန့်ရှင်းရေးလုပ်မယ်...
 
ကျွန်မ။   ။ ဟုတ်ကဲ့ ကျွန်မကူညီပါ့မယ်။
 
လူစိမ်း။   ။ မင်းရင်ခွင်ကနွေးထွေးလိုက်တာ...
 
ကျွန်မ။   ။ သူငယ်ချင်းတိုင်းအတွက် ကျွန်မကြင်နာတတ်ပါတယ်။
 
လူစိမ်း။   ။ ငါမင်းကိုချစ်တယ်...
 
ကျွန်မ။   ။ ကျွန်မ ကိုလူစိမ်းကို ခင်ပါတယ်။
 
လူစိမ်း။   ။ ငါ့အတွက်အဖြေကဒါလား။  ငါ့အတွက်သူငယ်ချင်းမလိုအပ်ဘူး....
 
ကျွန်မ။   ။ ဟုတ်ကဲ့......ကျွန်မဝမ်းနည်းပါတယ်ရှင်
 
လူစိမ်း။   ။ ဒီနေ့ ဒီအိမ်ကနေငါပြောင်းတော့မယ်။
 
ကျွန်မ။   ။ ရှင်.....
 
လူစိမ်း။   ။ မင်းရင်ခွင်ကို ငါမြင်ပါတယ်။ ဒါပေမဲ့..........
 
ကျွန်မ။   ။ ဟုတ်ကဲ့....ပြောင်းပါတော့ ကျွန်မခွင့်ပြူပါတယ်။
 
လူစိမ်း။   ။ ငါ့အချစ်တွေကို အမှတ်တရသိမ်းထားပေးပါ။
 
ကျွန်မ။   ။ ဟုတ်ကဲ့.......ကျွန်မအတွက် ထာဝရဆိုတဲ့ သော့ဂလောက်တစ်ခုလက်ဆောင်ပို့ခဲ့ပေးပါ။
 
လူစိမ်း။   ။ မင်းကသော့ဂလောက်ပဲယူမှာဆိုတော့ သော့ကိုငါဘာလုပ်ရမလဲ....?
 
ကျွန်မ။   ။ တစ်ချိန်ချိန် လိုအပ်ရင် ကျွန်မရင်ခွင်က ရှင့်အခန်းအတွက် ရှင့်လက်နဲ့လာပြန်ဖွင့်ပြီး ဝင်လာဖို့ပါ။
 
 
 
 
 
သူငယ်ချင်းရေ..
 
ချစ်ခြင်းဆိုတာ ၁၅၀၀အချစ်နဲ့ချစ်တတ်မှ အချစ်လို့ခေါ်တာမှမဟုတ်တာ..
 
 
သူငယ်ချင်းရေ..
 
၅၂၈ မေတ္တာနှောင်ဖွဲ့အေးမြတဲ့ချစ်ခြင်းတွေကလည်း အချစ်ပါပဲ..
 
 
သူငယ်ချင်းရေ..
 
ငါ့မှာမျှော်လင့်ချက် ခပ်ကြီးကြီးရှိတယ်..
 
 
သူငယ်ချင်းရေ..
 
ငါ့မှာ သေးငယ်တဲ့နှလုံးသားတစ်ခုပိုင်ဆိုင်တယ်..
 
 
သူငယ်ချင်းရေ..
 
ငါ့မှာ နွေးထွေးတဲ့ရင်ခွင်တစ်ခုလည်း ရှိသေးတယ်..
 
 
သူငယ်ချင်းရေ..
 
ငါ့အတွက် အမှတ်တရဖြစ်စေခဲ့တဲ့ နင်တို့စကားတွေရှိနေသေးတယ်..
 
 
သူငယ်ချင်းရေ..
 
နင် နေကောင်းရဲ့လား...
 
 
သူငယ်ချင်းရေ..
 
ငါ နင့်ကိုသတိရတယ်...
 
 
သူငယ်ချင်းရေ..
 
နင်ဆက်လျှောက်ရမဲ့ ဘဝခရီးလမ်းမှာ အရာရာအောင်မြင်ပါစေ....
 
 
သူငယ်ချင်းရေ..
 
ငါ့ရင်ခွင်ကိုမြင်အောင်ကြည့်ပါ..
 
 
သူငယ်ချင်းရေ..
 
အနွေးထွေးဆုံးအတိတ် နဲ့ အကြင်နာဆုံးနှလုံးသားကို ကျေးဇူးပြုပြီးသတိရပေးပါ။
 
 
 
***********
 
 
 
 

 


(အချစ်ဆိုတာထက် သံယောဇဉ်ကို ငါပိုကြောက်သူပါ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့