Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 16 April 2012

ပွဲတက်မယားတော့ မဖြစ်ချင်ဘူး......အကြင်နာ ဇနီးမယားဘဲ ဖြစ်ချင်တယ်ရှင်


ပွဲတက်မယား နဲ့ အကြင်နာမယား ဆိုတဲ့ ခေါင်းစဉ်ပေးထားပါတယ်။ဒီခေါင်းစဉ်လေးကို တွေးမိနေတာ ကြာ
ပါပြီ။ မိန်းမတစ်ယောက် အိမ်ထောင်ပြုကြလိုက်ပါသည်။ တချို့တွေ ပိုက်ဆံတွေလဲ ပြည့်စုံစွာနေကြရပါတယ်။
ဒါပေမယ့် ခြောက်သွေ့ အထီကျန်မှုတွေကြားထဲမှာ ပွဲတက်ဖော် မယားတစ်ယောက်အဖြစ် နေနေကြရတဲ့
သူတွေ ရှိနေကြပါသည်။ ပြောတတ်ကြပါသည်။ ပြည့်စုံတဲ့ ဘ၀မှာ နေနေရတာဘဲ ပျော်မှာပါတဲ့။ ဟုတ်ရဲ့လား
သေချာပြန်တွေးကြည့်ပါ။ အောင်မြင်တဲ့ လုပ်ငန်းတွေနဲ့ ပြေးလွှားနေရတဲ့ အသိုင်းဝိုင်းတော်တော်များမှာ တွေ့
နေ ကြားနေရပါသည်။ အိမ်ထောင်တစ်ခုကို တည်ထောင်ကြတယ်ဆိုတာ လူနှစ်ယောက် ဘ၀နှစ်ခုကို တစ်ခု
ထဲပေါင်းစပ်လိုက်ခြင်းပါ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပြုကြကာ လူမှုဘ၀အခက်ခဲတွေကို အတူတကွ ရင်ဆိုင်
ရဲကြရမယ်။ မောင်နေထိုင်မကောင်းလျှင် မေက ပြုစုရမယ်။ မေနေမကောင်းလျှင် မောင် ဂရုတစိုက် ပြုစုပေးရမည်။
ခုတော့ အလုပ်ဆိုတာတွေ ကြားထဲမှာ နစ်မြှပ်ကာ မိသားစုဆိုတာ ဘာလဲလို့ အော်မေးရမလို ပွဲတက်ယုံ
ကာမဆက်ဆံမှုနိယာမတစ်ခုတည်းကို အခြေခံကာ ပွဲတက်မယားဘ၀မျိုးကို ကျွန်မ အလွန်တရာ မုန်းတီး
မိပါသည်။  နိုင်ငံခြားရောက် မြန်မာတွေ တချို့ဆို ၁၀နှစ် လောက်ရှိနေကြပါပြီ။ခိုင်လေး တွေးမိတာပါ။ ဘာအတွက် အလုပ်လုပ်နေကြတာလဲ ။ မိသားစု အတွက် သူများဆီမှာ အလုပ်တွေ လုပ်နေကြရတယ်နော်။
ဒါပေမယ့် ဘယ်မှာလဲ မိသားစုဘ၀ဆိုတာ ။ ဒီလိုဘဲ သူများဆီမှာ အလုပ်လုပ်နေရင်းနဲ့ ကျွန်မတို့ အချိန်တွေ
ကုန်နေကြရတော့မှာလား။ အရင်းနှီးအတွက် အလုပ်လုပ်နေကြရတယ်ဆိုရင်လဲ အမှန်တစ်ကယ် ဆုကြပါ။
မိသားစုဘ၀ဆိုတာ အရမ်းကို တန်ဖိုးရှိပါတယ်။တလတခါလောက် ဖုန်းလေပြော။ လကုန်ငွေပို့ နေရုံနဲ့
တာဝန်ကျေနေပြီလို့ ကျွန်မကတော့ မမြင်ဘူးရှင်။ ဆိုကရေးတီးက ပြောဖူးတယ်
* သားသမီးတွေကို
စည်းစိမ်ချမ်းသာတွေ နဲ့ လိုလေသေးမရှိ ထောက်ပံ့ပေးကမ်းမှုတော့ ပြုပါရဲ့။ သားသမီးတွေရဲ့ ကောင်းမြတ်
အရည်သွေးတွေ တိုးတက်လာအောင် လုပ်ပေးဖို့ ကိုတော့ လစ်လျူရှုထားတယ်ဆိုရင်……မြင်းတွေ မွေးပြီး
အစာတော့ အလွန်မင်းကျွေးပါရဲ့ ။ အဲဒီမြင်းတွေကို အသုံးချလို့ရတဲ့ အသုံးဝင်တဲ့ မြင်းတွေ ဖြစ်လာအောင်
ဘယ်တော့မှ လေ့ကျင့်ပေးမထားတဲ့ လူတွေနဲ့ တူတာပေါ့ *
လို့ ရေးဘူးပါတယ်။ ဇနီးမယားတွေ အနေနဲ့
ငွေမျက်နှာတစ်ခုထဲကို ကြည့်မနေဘဲ မိသားစုဘ၀လေးကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်ကြစေချင်ပါသည်။
ပွဲတက်ရုံနဲ့ လက်ထပ်ထားသလို ဖြစ်နေမယ်ဆိုရင်တော့ အရမ်းကို ခြောက်သွေ့တဲ့ အိမ်ထောင်တစ်ခုနဲ့
တူနေပါလိမ့်မည်။အညမညမေတ္တာ တရားကို အခြေခံကာ ပြုစုယုယမှုများ ရှိကြမှသာ အကြင်နာဇနီးမယား
ဘ၀နဲ့ အိမ်ထောင်မှုဘ၀သုခကို ခံစားပိုင်ဆိုင်ကြရမှာပါ။အိမ်ထောင်တစ်ခု သာယာချမ်းမြေ့ဆိုတာ ဇနီးဖြစ်သူ
က သူနေရာနဲ့သူ အရေးပါ အဓိကကျလှပါသည်။
ပွဲတက်မယား နဲ့ မတူဘဲအကြင်နာဇနီးမယားတစ်ယောက်ဘဲဖြစ်ချင်တယ်ဆိုရင်တော့ မိမိခင်ပွန်းကို ချစ်နေယုံ
နဲ့တင် မလုံလောက်ပါဘူး။ တခါတရံမှာ ချစ်သူလို ချစ်သလို ၊တခါတရံမှာတော့ အစ်မတစ်ယောက်လိုလဲ
ချစ်တတ်ရပါမည်။ တခါတလေမှာ ချစ်သူဘ၀တုန်းကလိုလဲ ချစ်တတ်ရပါဦးမယ်။ဒါမှလည်း ခင်ပွန်းသည်က
စိတ်ချမ်းမြေ့မှုနဲ့ ပြည့်ဝတဲ့ မိသားစု စိုပြည်ရေးကို ရှေးရှုဆောင်ရွက်လာမှာဖြစ်ပါသည်။ဇနီးကောင်းဆိုတာ
မီးဖိုဆောင် ကိစ္စတွေ နိုင်နင်းရုံ နဲပလဲ မပြည့်စုံပါဘူးရှင်။ ကိုယ်ခင်ပွန်းသည်က လုပ်ငန်းတွေနဲ့
ပတ်သတ်လို့ လိုအပ်လို့ တိုင်ပင်လာခဲ့ရင်လဲ ဆွေးနွေးတိုင်ပင် နိုင်တဲ့ အရည်ချင်းမျိုးတွေလဲ ရှိသင့်ပါသည်။
နေရာတကာဝင်ရောက် စွက်ဖက်တာမျိုးကို မဆိုလိုဘူးနော်။ဒါမျိုးတော့ လုံးဝမဖြစ်သင့်ဘူး။ နမူနာပြောပြရရင်
ယောကျာင်္းက အလုပ်ကိစ္စ စကားပြောနေမယ်။ ဘေးက ဇနီးသည်လဲရှိနေမယ်။ ယောကျာ်င်္းပြောတာကို
သဘောမကျတာ ရှိမယ်ဆိုပါတော့ရှင်။ အဲဒီနေရာမှာ ရှင်ပြောနေတာကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ
ဝင်ရောက်ပြောဆိုခြင်းထက် တိတ်ဆိတ်စွာ နားထောင်ပေးလိုက်ခြင်းက မိမိယောကျာင်္းကို ဂုဏ်တက်စေပါတယ်။နှစ်ယောက်ထဲကြမှာ အကျိုးကြောင်းကို သေချာထောက်ပြပြောဆိုသင့်ပေသည်။
အိမ်ထောင်တစ်ခု ထူထောင်တာ မလွယ်သလို ရေရှည်တည်တံ့ ဖို့တာလဲ ခက်ခဲပါတယ်ရှင်။သစ္စာနဲ့ မေတ္တာကို
အရင်းတည်ကာ အပေယူမျှတစွာနဲ့ တစ်ယောက်အပေါ်တစ်ယောက် ယုံယုံကြည်ကြည် လက်တွဲမှာသာလျှင်
အကြင်နာဇနီးမယားအဖြစ် ချမ်းမြေ့သာယာမှုရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါသည်။ပွဲလေးတွဲတက်ယုံ ဟန်ပြ ပွဲတက်
မယားဘ၀ကိုတော့ မနေကြပါနဲ့ရှင်။ ဘ၀အတွက် အနှစ်သာရ မဲ့လွန်းစွာ အဓိပ္ပာယ်မဲ့လွန်းပါသည်။
မိန်းမသားတွေ ဘ၀မှာ အိမ်ထောင်ကျတယ်ဆိုပြီဆိုတာ တစ်ကယ်ထောင်ကျသလိုပါဘဲ။ မိသားစု
အရေးခင်းတွေထဲမှာဘဲ နစ်မျောစီးဝင်နေကြတော့တာပါဘဲ။ ပင်ပမ်း စိတ်ကျဉ်းကျပ်စရာတွေကြားထဲမှာ
ခင်ပွန်းသည်ရဲ့ ဥပက္ခာပြုခြင်းကိုပါ ထပ်မံခံရမည်ဆိုလျှင် ပျော်ရွင်ချမ်းမြေ့စရာဆိုသည်မှာ ဘယ်မှာ
ရနိုင်ပါတော့မည်နည်း။ ပွဲလေးတူတူ သွားတက်ရုံနဲ့တော့ ဇနီးမယားတစ်ယောက် လို့မှတ်ယူလို့ မရပါဘူး။
သွေးသားမတော်စပ်သူ လူသားနှစ်ဦး ပေါင်းစပ်ကြတဲ့နေရာမှာ မတူညီတာတွေ အများကြီး ရှိနေနိုင်ပါသည်။
မိန်းကလေးတိုင်း မတူညီတာတွေကို နားလည်မှု ၊ ချစ်ခင်တွယ်တာမှု ဆိုတာတွေနဲ့ ညှိနှိုင်းကာ
အကြင်နာဇနီးမယား ဆိုတဲ့ ဘ၀လေးတွေကို ကြည်နူးနွေးထွေးစွာ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့