Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 15 April 2012

နိုက်တြိုဂျင်နှင့်တူသော......မိန်းခလေးတစ်ချို့ 

နိုက်တြိုဂျင် ဆိုတာက ကိုယ်တိုင်မီးမလောင်သလို မီးလောင်ခြင်းကိုလည်း အားမပေးဘူးဆိုတာ ငယ်ရွယ်စဉ်က
သင်ခဲ့တဲ့ သင်ရိုးညွှန်းတန်းထဲမှာပါတာမို့  ထူးထွေပြီး မပြောတော့ပါဘူး။


ဖြစ်စဉ် (၁)
စိမ်းလန်းစိုပြည်ရဲ့ ပန်းဥယျဉ်ထဲမှာ ချစ်သူနှစ်ဦး ချစ်တင်းနှီးနှောနေကြတာကို ပန်းခြံကိုအလည်ရောက်ဖူးတဲ့
သူတိုင်းသိကြမှာပါ။ကျွန်တော်လည်း ပန်းခြံထဲမှာ စာလေးရေးနေတုံး ဘေးနားမှာ ချစ်သူနှစ်ဦး လာထိုင်ကြပြီး
စကားလေးတွေ ပြောနေကြရင်းနဲ့  ကောင်လေးက ကောင်မလေးကို သူ့ ကိုချစ်ရင် ဒီညဟိုတယ်မှာ သွားအိပ်ရ
အောင်လို့ ခေါ်တယ်။ကောင်မလေးက ခါးခါးသီသီးငြင်းတယ်။သူ့ ကိုတစ်ကယ်ချစ်ရင် အဲဒီလိုမတောင်းဆိုသင့်ဘူး
ပေါ့။ မင်္ဂလာဦးညကြမှ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေရပါမယ်လို့ ကတိပေးတယ်။ပြီးတော့ တစ်ခါထဲကတိတောင်းတယ်။


“ကို ညီမက ကိုယ့်ဆန္ဒကို မလိုက်လျောလို့  စိတ်မဆိုးရဘူး စိတ်မကောင်းလည်းမဖြစ်ရဘူး ပြီးတော့ ကိုယ့်ဆန္ဒကို
မလိုက်လျောလို့ ဆိုပြီး ဒီပြင်မိန်းမတွေနဲ့ ရှုပ်ဖို့ မစဉ်းစားနဲ့  သိလို့ ကတော့ အပြတ်ပဲ”
ကျန်တာတွေ ပြောနေကြရင်းနဲ့  ခဏနေတော့ သူတို့ သမီးရည်းစားအတွဲ လေးပြန်သွားကြတယ်။
အဲဒီမှာတွေးမိတာက ကောင်မလေးရဲ့ စိတ်ဓါတ်ကိုသဘောကြတယ်။ပြီးတော့ တဆက်ထဲတွေးမိတာလေးကိုပြော
ခြင်တာက...........................
”နိုက်တြိုဂျင် ဟာ ကိုယ်တိုင်မီးမလောင်ပါဘူး ”
“ကို ညီမက ကိုယ့်ဆန္ဒကို မလိုက်လျောလို့  စိတ်မဆိုးရဘူး စိတ်မကောင်းလည်းမဖြစ်ရဘူး”
“နိုက်တြိုဂျင် ဟာ မီလောင်ခြင်းကို အားမပေးပါဘူး။ ”
“ပြီးတော့ ကိုယ့်ဆန္ဒကို မလိုက်လျောလို့ ဆိုပြီး ဒီပြင်မိန်းမတွေနဲ့ ရှုပ်ဖို့ မစဉ်းစားနဲ့  သိလို့ ကတော့ အပြတ်ပဲ”



ဖြစ်စဉ် (၂)
အဲဒီအတွေးလေးမဆုံးခင်မှာ နောက်တစ်တွဲ လာထိုင်ပါတယ်။သူတို့ ကြတော့ တစ်မျိုးဗျ။ကောင်မလေးက
ကောင်လေးကိုပြောနေတာက.............................

“ ကိုညက beer တွေအရမ်းသောက်တယ်ဆို”

“ ဟုပ်တယ် အလုပ်ကိစ္စပြောကြတာဆိုတော့ နည်းနည်းများသွားတယ် အခုတောင် ချစ်ခေါ်လို့ ကိုလာတာ
ခေါင်းတောင်မကြည်သေးဘူး”

“ကိုနော် BEER အရက်တွေ မသောက်ရဘူး ပြောထားသားနဲ့  ချစ်ကိုတစ်ကယ် မချစ်လို့  ဒါတွေသောက်တယ်ပေါ့”
“မဟုပ်ပါဘူ ချစ်ရာ အလုပ်ကိစ္စ ပြောတာဆိုတော့လည်း ဒီ beer ဆိုင်ပဲ”….

“ တော်တော့ ကိုဘာအကြောင်းပြချက်မှမပေးပါနဲ့  ဆိုင်တွေအများကြီး beer မသောက်ပဲ ဒီပြင်ဟာ သောက်ရင်
ရသားနဲ့ နောက်တစ်ခါ ဒီအရည်တွေ သောက်ရင်ချစ်နဲ့  အပျက်ပဲ”


ကျန်တာတော့ ကောင်လေးက ကောင်မလေးကို ချော့နေသံပေါ့။
အဲဒီမှာတွေးတောနေတဲ့ ဇတ်လမ်းကိုပြန်ဆက်ကြည့်ရင် မိန်းခလေးတော်တော်များများဟာ beer မသောက်ကြ
သလို ဆေးလိပ် ကွမ်းယာ လည်းမစားကြပါဘူး သူတို့ လည်းမစားသလို ကိုယ့်ချစ်သူစားမှာကိုလည်း ဘယ်ချစ်သူ
မှမကြိုက်ပါဘူး။မတက်သာလို့ ချစ်လွန်းအားကြီးလို့ ငြိမ်ရင်ငြိမ် နေမယ် ဒါပေမယ့် ရင်ထဲမှာ မကျေနပပ်တာတော့
အမှန်ပါ။

“နိုက်တြိုဂျင် ဟာ ကိုယ်တိုင်မီးမလောင်ပါဘူး”

”မိန်းခလေးတော်တော်များများဟာ beer မသောက်ကြသလို ဆေးလိပ် ကွမ်းယာ လည်းမစားကြပါဘူး”

”နိုက်တြိုဂျင် ဟာ မီလောင်ခြင်းကို အားမပေးပါဘူး။ ”

“ တော်တော့ ကိုဘာအကြောင်းပြချက်မှမပေးပါနဲ့  ဆိုင်တွေအများကြီး beer မသောက်ပဲ ဒီပြင်ဟာ သောက်ရင်
ရသားနဲ့ နောက်တစ်ခါ ဒီအရည်တွေ သောက်ရင်ချစ်နဲ့  အပျက်ပဲ”


ကဲချစ်စွာသော သူငယ်ချင်းမှာကော ဒီလို နိုက်တြိုဂျင်နဲ့  တူတဲ့ချစ်သူရှိနေရင်တော့ သူငယ်ချင်းကံကောင်း
တယ်လို့ ပြောရမယ်။ဘာလို့ လဲဆိုတော့ မြန်မာမှု့ ကိုမြတ်နိုးတဲ့ မြန်မာဆန်တဲ့ ချစ်သူတစ်ယောက်ရထားတာမို့ လို
့ဂုဏ်ယူလိုက်ပါသူငယ်ချင်းရေ။ နိုက်တြိုဂျင်နဲတူသော မိန်းခလေး များကြစေကြောင်းတောင်းဆုပြုရင်း….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့