Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 15 April 2012

ဒို့နှစ်ယောက်ရဲ့သစ္စာ

လွမ်းရပါသည် မွေးဌာနီ ပွဲတော်တို့ရဲ့ တန်ခူးရာသီ
ခြိမ့်သဲစည်ကား သိုက်မြိုက်လှ သမိုင်းဝင်တဲ့ ဆင်ဖြူတောင်
ဖူးမြော်သူအပေါင်းကို ဆီးကြိုလျှက် ခွန်အားကြီးတဲ့ ဆင်နှစ်ကောင်
ခမ်းနားကျယ်ဝန်း ကိုးခန်းကြီးတွင် ဘုရားတော် ဂေါတမ
ရှေ့တော်မှောက၌် ဓမ္မစကြာပဌာန်းသံများ ဝေေ၀ဆာ……..။
ခြေတော်ရာမှ တောင်တော်ပေါ်သို့ တက်ရောက်ပါလျှင်
တောင်စာင့်မယ်တော် `မယ်ဖြူ´ နတ်နန်း အနီးနား၌
အလိုရှိရာကို ပြည့်စေဖို့ရွယ် အဓိဌာန်ဝင်တဲ့စေတီတော်၊
ပြုသောကုသိုလ်ရည်မှန်းပါ၍ ခေါင်းလောင်းထိုးကာ တောင်းဆုပန်သော
ဆုတောင်းပြည့် စေတီဘုရား ရင်ထဲအေးမြ ကြည်ညိုဖွယ်
တန်းခိုးတော်များ စုန်ကြူးလျှက် တုပမရှိ ၀င်းလက်ထိန်စွာ
ရောင်ခြည်ဖြာလျှက် ချွင်ချွင်သာသော ဆွဲလည်းသံဖြင့်
တန်ခိုးကြီးဘုရားလည်း ရှိခိုးဦးချကန်တော့ပါ၏………….။
တောင်တော်အစွန် မြောက်ဘက်တွင်ရှိ
   လျောင်းတော်မူ … ကိုယ်တော်ဘုရားထံ
အပူအအေး အမောပြေရန် တထောက်နားရင်း
ဖူးမြော်ခြင်းကား ဘ၀င်နှလုံး ချမ်းမြေ့မဆုံး……..။
ဆင်တော်ငါးစီး ဘုရားအနီး၌ သဘာဝအတိုင်း ဖြစ်တည်ပါသော
စိန်တလုံးဂူတော်၊ ဇော်ဂျီဂူ နှင့် ဆင်ဖြူတွင်းမှတောင်တော်ဂုဏ်ကို
ထွန်းတောက်စေ၍ တောင်တော်တွင်ကျက်စား ဖိုညိုမျောက်များ
အခါတော်ပွဲသံ ကြားစဉ်ခါဝယ်မြူးတူးခုန်ပေါက် ကခုန်လျှက်
မြင်သူအပေါင်း ရွှင်ပြုံးစေအံ့……...။
ထူးဆန်းအံဖွယ် စာဖွဲ့မကုန်နိုင် များလှပါသော
ရှုခင်းများက ကဗျာဆရာရှုံး ငိုပွဲဆင်စေဖို့
လွမ်းမောဖွယ်ရာ တောင်တန်းပြာနဲ့ လယ်ကွင်းများက
ရွှေသမင်မျက်လုံးနှယ် တင့်တယ်လှ၏………။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့