မမြတ်နိုးငယ် အသက် (၂၉)နှစ်
အော်...မြတ်နိုးငယ်ရယ်....
အတိတ်မှာအိပ်စက် အနားယူနေတဲ့ 
ငါ့ ရဲ့ အိပ်မက်ကမ္ဘာလေးကို တဖန်ပြန်လို့ 
နင်နိုးထလိုက်စေ လေတာလားဟယ်.....
တကယ်တော့ .....
ဘယ်တော့ မှဆုံနိုင်မှာ မဟုတ်တော့ လို့ 
ငါ့ နှလုံးသားကို ဇာတ်မြှုပ်ပြီး
အထီးကျန်လှတဲ့  အကျည်းတန်ဘ၀နဲ့ 
ငါနေခဲ့ တာ ကြာကြာလှပေါ့ .....
************** ************* ************
ဒါပေမဲ့ ဟယ် အနေသာဝေးခဲ့ ပေမဲ့ 
မဖြေသာသေးလေတဲ့  အတိတ်ရဲ့ အရိပ်ကလေးတွေက
ငါ့ စိတ်ထည်းတိုးဝင်လာနေဆဲပါ ချစ်သူရယ်....
ရင်ခွင်ဦးမို့ ရူးမူးစွာနဲ့  ငါချစ်ခဲ့ ရတာနင်အသိပါနော်
မျှော်လင့် ခြင်းဆိုတာ လူသားတိုင်းရဲ့ တပ်မက်မှုမို့ 
ငါလည်းလူသားထည်းက လူဆိုတော့ မတူညီတဲ့ 
ဘ၀နှစ်ခုပေါင်းစုဘို့ ရာ မဖြစ်နိုင်တာကိုသိပေမဲ့ 
ရှိနေတဲ့ သံယောစဉ်ကြိုးကို တိနေအောင်မဖြတ်နိုင်လေတော့ 
မျှော်လင့် ခဲ့ မိတာ ငါမှားသလားဟယ်........
မှတ်မိပါသေးတယ်.......
ငါနင့် ကိုချစ်ခဲ့ ရတဲ့  သက်တန်းတလျောက်မှာ
ဘယ်လောက်ထိအောက်ကျခဲ့ တာ နင်အသိပါဟာ
ငါကချစ်ရသူမို့  နင်ပြုသမျှနုခဲ့ ရတယ်
ထားရာနေစေရာသွား နင့် စကားနားထောင်
အမှားအမှန်တောင် နုပ်မလှန်မိအောင်
မချိသွားဖြဲဘ၀ နေလာခဲ့ ရတာ
ငါ့ မှာဘာအမှားများ ရှိခဲ့ ဘူးပါသလည်းဟယ်............
ချစ်သူရယ်........
ငါလိုဘာမှမရှိတဲ့  ကဗျာချစ်သူတစ်ယောက်ရဲ့ 
၇င်ခွင်အောက်မှာ ကြင်နာယုယမှုတွေ
ဘယ်လောက်ထားထား ကာလရှည်လျားစွာ
နင်ပျော်ပါးနိုင်မှာမဟုတ်တာ ငါနားမှမလည်နိုင်ခဲ့ တာဘဲ
အသဲစွဲချစ်စိတ်နဲ့  နင့် ရဲ့ နှိပ်စက်ခြင်းတွေကို
ချစ်သူပေးတဲ့ တန်စိုးလက်ဆောင်လိုသဘောထား
အခါများစွာကျခဲ့ မျက်ရေ သက်သေတည်ရမယ်ဆို
အင်းလျားရေတွေတောင် ရောလို့ ငိုလောက်ပါရဲ့ ............
****************** ****************** *****************
ချစ်သူရယ်.....
မတူညီတဲ့ ငါတို့ ဘ၀ ပေါင်းစပ်ပါရစေလို့ 
ငါနင့် ကိုတောင်းဆို ဘူးပါသလားဟယ်
ချစ်အားငယ်ခဲ့ ရတဲ့  ငါ့ ဘ၀မှာဘာကိုမှ
မမျှော်လင့် ရဲခဲ့ တာ နင်အသိပါနော်
ဒါကိုအခွင့် ကောင်းတစ်ခုလို နင်ကအသုံးချပြီး
လုံးဝကိုနလန်မထူနိုင်အောင် ပူလောင်မှုတွေပေးခဲ့ တာ
ငရဲကလူပူတာထက် အသဲကွဲခြင်းရလဒ်ကို
ခံစားဘူးသူတိုင်း စာနာနားလည်နိုင်မယ်ထင်ပါရဲ့ .......
အော်အခုတော့ .......
ငါ့ ဘ၀ထည်းက ငါ့ ကိုခွဲခွါခြင်းလက်နက်တွေနဲ့ 
နှိပ်စက်ထားခဲ့ တဲ့ နင် ကိုယ်ထင်လာပြနေတာလားဟယ်
နာရေးကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးမဲကြီးတွေနဲ့ လေ
အော်မမျှော်လင့် ခဲ့ ပါဘူး ဒီလိုနည်းနဲ့ စောစောစီးစီး
ထပ်ပြီးလမ်းခွဲလာလိမ့်  ဦးမယ်လို့ လေ......
မမြင်ရက်ပါဘူး ငယ်ချစ်ဦးမို့ 
စူးနင့် စွာနာကျင်စရာတွေ ပေးခဲ့ တာ
သုမနကျောမှာဒါဏ်ရာတွေကျန်ပေမဲ့ 
ကံသာအမိအဘလို့ ခံယူထားတဲ့ ငါ့ အတွက်
နင့် ကိုမနာကျည်းရက်ခဲ့ ပါဘူး..............
********************* ********************** ***********************
ချစ်သူရေ........
နောက်ဆုံးပြောပါရစေနော်
မင်းပေးခဲ့ တဲ့ အငြှိုးအတေးတွေကြောင့် 
အဆွေးမျက်ရည်ပင်လယ်ဝေခဲ့ ရတဲ့ ငါ့ မှာ
ကျစရာမျက်ရည်မရှိတော့ လေတာမို့ 
အခုတော့  ငါမငိုကြွေးပါရစေနဲ့ တော့ ......
မငိုကြွေးပါရစေနဲ့ တော့ .........ချစ်သူရယ်........
****************** ****************
No comments:
Post a Comment