Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 15 April 2012

မရှိ၍ တောင်းသောအခါ

လူတိုင်းလူတိုင်း ဆင်းရဲချမ်းသာမရွှေး ကျွန်တော်အပါအ၀င် ဘ၀မှာ တစ်ခါလောက်တော့ တောင်းဘူးကြမှာပါ။
ငယ်ရွယ်စဉ်က မုန့် ဖိုးတောင်းတယ်။အရုပ်တောင်းတယ်။အသက်တွေရလာတော့ကော တောင်းတုန်းပါပဲ။

တစ်ချို့ က မိဘဆီက အမွေတောင်းတယ်။
တစ်ချို့ က မိဘဆီက အလုပ်တောင်းတယ်။
တစ်ချို့ က သူငယ်ချင်းဆီက ပိုက်ဆံတောင်းတယ်။
တစ်ချို့ က ကိုယ့်သူဌေးဆီက လုပ်ပိုင်ခွင့် တောင်းတယ်။
တစ်ချို့ က ကိုယ့်သူဌေှးဆီက လစာတွေတိုးတောင်းတယ်။
တစ်ချို့ က………………………………………………………………။ တောင်းနေကြရတာပါပဲ။


အဲဒီနေရာမှာ တောင်းတယ်ဆိုတဲ့ နေရာမှာ နှစ်မျိုးခွဲကြည့်မိပါတယ်။ဘာလဲဆိုတော့…

(၁) အတောင်းခံ ရတဲ့သူရယ်။
(၂) တောင်းတဲ့ သူရယ်။ နှစ်မျိုးလေးပဲ၇ှိတာပါ ။
မကြာသေးတဲ့ အချိန်တုန်းကပေါ့။


ရက်ကွက် တစ်ခုထဲမှာ အင်မတန်အေးဆေးပြီး အသောက်အစား အပျော်အပါးကင်းတဲ့ လူပျိုကြီး တစ်ယောက်ရှိ
ခဲ့ပါတယ်။သူဟာ အစက အိမ်ငှါး ဘ၀နဲ့  ဘ၀ကို ဆင်းရဲပင်ပန်းစွာ တည်ဆောက်ခဲ့ရပြီး ရတဲ့ ပိုက်ဆံလေးတွေနဲ့  မိဘ
ကို လုပ်ကျွေးပြုစုနေရသူလေးပါ။


အဲဒီလိုနဲ့  ကံကလေးကထလာတဲ့  အချိန်နဲ့  တိုက်ဆိုင်ပြီး ပိုက်ဆံတွေဟာ ၀င်လာမဆဲ တသဲသဲ ဖြစ်ခဲ့ပါတယ်။
အဲဒီပိုက်ဆံလေးနဲ့  အိမ်ကိုအပိုင်ဝယ်တယ်။ မိဘကို အိမ်သစ်မှာ ခေါ်ထားပြီး ပြုစုစောက်ရှောက်ခဲ့ပါတယ်။


ဘ၀မှာ လုပ်ရှားရုန်းကန် ရတဲ့အချိန်တုန်းက ဘေးမှာ သူငယ်ချင်းအပေါင်းအသင်းဆိုတာ မရှိခဲ့တဲ့ လူတစ်ယောက်
ဟာ အခုများကြတော့ ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။ဟိုလူက လက်ဖက်ရည်ခေါ်တိုက် ဒီလူက ဘီယာခေါ်တိုက်နဲ့ ပေါ့။
တစ်ခါတစ်ခါ လိုက်မသောက်ရင် သူတို ကစိတ်ဆိုးသေးတယ်။


လူဆိုတာက ကိုယ့်ရဲ့အခြေအနေကို ကိုယ့်ကိုတိုင်ကလွဲရင် ဘယ်သူမှမသိပါဘူး။ ကိုသာအောင် ရတဲ့ပိုက်ဆံလေးနဲ့ 
ခြစ်ချုတ်ဝယ်ထားတဲ့ အိမ်လေးက ပိုက်ဆံ ကအကြေမခြေရသေးဘူးလေ။ ဒါကိုလူတိုင်းမသိခဲ့ပါဘူး။


တစ်ရက်ကြတော့ ဟိုငယ်ရွယ်စဉ်က ခင်မင်ခဲ့ ပြီး ဆင်းရဲစဉ်က ဘယ်ရောက်နေမှန်းမသိခဲ့တဲ့ သူငယ်ချင်းက သူ
့အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး ပိုက်ဆံလာ ချေးခဲ့ပါတယ်။ ချေးငွေက သုံးသိန်းထဲပါ။ အိမ်မ၀ယ်ခင်
က ဆိုရင် ဒီပိုက်ဆံ ဟာ သူ့ အတွက် မပြောပလောက်ပေမဲ့ အခုအနေအထားကြတော့ လက်ထဲမှာ ပိုက်ဆံက သိပ်
မရှိတော့ ချေးလို့  မဖြစ်တဲ့ အကြောင်း ကိုရိုးရိုးသာသား ပြောပြပေမဲ့ သူငယ်ချင်းကမယုံပါဘူး သူဆင်းရဲလို့ သူ့ ကို
မယုံဘူး အပါင်ပေးစရာမရှိလို့  သူ့ ကိုဘယ်သူ့ ကမှမယုံ လို့ ပိုက်ဆံမခြေးခြင်တာကိုမှ သူငယ်ချင်းအရင်းကြီး
ကလည်း ပိုက်ဆံမရှိ လို့ လာအကူအညီတောင်းတာကို မပေးတော့ အရမ်းစိတ်ဆိုးသွားခဲ့ပါတယ်။ အဲဒါနဲ့ 
လူပျိုကြီးကလည်း................


“ ဒီလောက်တောင်မှ မင်းမိန်းမအတွက် ဆေးဖိုးလိုခြင်ရင် ငါ့အိမ်ကို သွားပေါင်ခြေကွာ” ဆိုတော့
“မင်းကွာ သူငယ်ချင်းအချင်းချင်း ဒီလိုတော့မရွဲ့ သင့်ပါဘူး” ဆိုပြီး စိတ်ဆိုးမန်ဆိုးနဲ့  ထွက်သွားခဲ့တယ်။


မကြာခင်မှာ အဲဒီသူငယ်ချင်းရဲ့ မိန်းမဟာ ဆုံးပါးသွားခဲ့တယ်။အဲဒါနဲ့  မရှေးမနှေင်းမှာ လူပျိုကြီးနဲ့  ပတ်သတ်တဲ့
မကောင်းသတင်းတွေဟာ ရပ်ကွက်ထဲမှာ တဖြည်းဖြည်းပျံ့ နှံ့ လာခဲ့တယ်။ မိန်းမရှုပ်ကြောင်း အရက်ကိုလည်းခွက်
ပုန်းသောက်ကြောင်း မိဘကိုလည်း အိမ်မှာခေါ်ထားပြီး မ၀ရေစာတာ ကျွေးတဲ့အကြောင်း အဆိုးဆုံးအချက် က
AIDS ဆိုတဲ့ လေးလုံးရောဂါဆွဲကပ်နေတဲ့ အကြောင်း သတင်းတွေဟာ ပျံ့ နှံ့ လာခဲ့ပြီးးးးးးးးးးးးးးး


မကြာခင်မှာပဲ လူပျိုကြီးဆုံးပါး သွားခဲ့ပါတယ်။ လူပျိုကြီး ဆုံးပါးသွား ရက်လည်ပြီးမကြာခင်မှာ မိခင်ဖြစ်သူက
ဒီအိမ်ကိုရောင်းပြီး ရတဲ့ပိုက်ဆံကို ဘဏ်မှာ အပ်ပြီး သူကတော့ မယ်သီလရှင် ၀တ်သွားခဲ့ပါတယ်။သိလရှင်ကျောင်း
ကကျောက်ရေတွင်းမှာ ဖြစ်ပြီး လက်ရှိလည်း ကျန်းကျမ်းမာမာနဲ့  အသတ်ကတော့ ၇၅ နှစ်ရှိသွားပါပြီ။


အဲဒီကျောင်းကိုရောက်တုန်းလေး သူပြောပြလို့ သိရတာက သူ့ ရဲ့သားဟာ အလွန်လိမ္မာ ကြောင်းနဲ့  မိဘကိုအရမ်း
သိတက်တဲ့ အကြောင်း မိခင်ဖြစ်သူရဲ့ ဘ၀မှာ အိမ်ပိုင်နဲ့  မနေခဲ့ဘူးသလို လျှပ်စစ်မီး TV ဆိုတာဘာမှန်းမသိတဲ့ ဘဝ
မှာ သားဖြစ်သူက ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုရတဲ့ပိုက်ဆံနဲ့  ဒီအိမ်လေးကိုဝယ် မသေခင်ကြည့်ရပါအုံးမလား
ဆိုတဲ့ TV ကိုလည်းဝယ် မိခင်ကိုပြီးပြည့်စုံအောင်ထားခဲ့ပါတယ်။



“အမေ ဘ၀မှာ ဒီအိမ်လေးပေါ် စတက်တဲ့ အချိန်မှာ သားဖြစ်သူရဲ့ ၀မ်းမြောက်ဂုဏ်ယူတဲ့ မျက်နှာ မျက်ရည်တွေ
ဝဲပြီးကြည့်နေတဲ့ သားရဲ့ မျက်နှာ ကိုမျက်စိထဲက မထွက်ပါဘူး သားရယ်။ပြီးတော့ TV ၀ယ်လာတဲ့ နေ့ ကလည်း
ဒီတိုင်းပဲ.. အမေရေ အမေ တစ်ရားနာလို့ ရပြီ ဒါက ဘယ်ဆရာတော် ဒါကဘယ်ဆရာတော် ဆိုပြီး အောက်ဆက်ထဲ
ခွေထည့်ပြီး အတင်းတရားတွေနာခိုင်းနဲ့  သူတော်တော်ပျော်နေရှာတာ မိဘကို အရမ်းသိတက်တဲ့သား။သူ့ အဖေ
မလုပ်နိုင်တဲ့ အလုပ်တွေကို သူအကုန်လုပ်ပြသွားတယ်။


တစ်ကယ်တန်းသူဆုံးသွားတာက အစာအိမ်ရောဂါပါ။ ဒါတွေဝယ်ဖို့  အအိပ်ပျက် အစားပျက်နဲ့  ပိုက်ဆံတွေကိ
ကျစ်ပါအောင်စုရင်းနဲ အဲဒီဒဏ်တွေ သူခံရတာပဲ။ မှတ်မှတ်ရရ ဒီအိမ်လေးအတွက် ပိုက်ဆံ အကုန်ချေပြီး
နောက်နေ့ မှာပဲ ဆုံးသွားခဲ့တာ။


မိန်းမရှုပ်ကြောင်း အရက်ကိုလည်းခွက်ပုန်းသောက်ကြောင်း မိဘကိုလည်း အိမ်မှာခေါ်ထားပြီး မ၀ရေစာတာ
ကျွေးတဲ့အကြောင်း အဆိုးဆုံးအချက် က aids ဆိုတဲ့ လေးလုံးရောဂါဆွဲကပ်နေတဲ့ အကြောင်း ဆိုတဲ့ အဲဒီအချက်
တွေက တစ်ကယ်မဟုပ်ပါဘူး ကြာထဲက သွေးထိုးပေးတဲ့ လူရှိလို့  သူတို့ တွေ ဒီစကားတွေကို အကျိုးမရှိပဲ
လျှောက်ပြောကြတာ။ အဲဒီသွေးထိုး တဲ့သူက အမေ့ကျောင်းကိုလာပြီး အမေ့ကိုလာတောင်းပန်သွားတယ်။ သူမှား
သွားတဲ့အကြောင်း မိန်းမဆုံးတာနဲ့ နာကျည်းပြီး ရပ်ကွက်ထဲမှာဒီသတင်းကို သူလျှောက်ဖြန့်တဲ့ အကြောင်းဝန်ခံပြီး
အပြစ်ပေးရင်လည်းခံဖို့ အသင့်ဆိုတဲ့ အကြောင်း လာပြောပါတယ် ဘာလုပ့် မှာလညိးသာရယ် လွန်သွားခဲ့ပြီလေ။
သူငယ်ချင်းစိတ်ဆိုး ပြန်သွားပြီး နောက်နေ့ ကစလို့ ရပ်ကွက်ထဲမှ သူမျက်နှာ တော်တော်ငယ်ရတယ် သိပ်ခေါ်
ခေါ်ပြောပြောမ၇ှိကြသလို သူ့ ကို ၄ လုံးရနေတယ်ဆိုတဲ့ စကားက သူ့ကိုဝမ်းအနည်းဆုံးပဲ။သူ့ ဘ၀မှာ အရမ်း
ရိုးသားခဲ့တာလေ။ ဒီမအေကို ပြစုနေတာဆိုတော့.........................


မိန်းမဆိုတာ ဘာမှန်းတောင် သူမသိပါဘူး။အဲဒီ သတင်းတွေထွက်ပြီး လူတွေက အရမ်းရှောင်ဖယ်ရှောင်ဖယ်
နေလာတော့လည်း စိတ်ဓါတ်ကျ မှာပေါ့ သားရယ်။


ဒါပေမယ့် အဲဒီသတင်းတွေ ဘယ်သူတွေက လွှင့်တယ်ဆိုတာ သေတဲ့ အထိမသိခဲ့ပါဘူး။အစာအိမ်ရှိရဲ့ သားနဲ့ ထမင်း
မစား ဟင်းမစား အရကပါသောက်လာတော့ လည်းဘယ်ခံနိုင်တော့မလဲ။အခုတော့ အိမ်ရောင်းရတဲ့ ငွေတွေနဲ့ 
သူ့ အတွက်ကောင်းမှု့ လေးတွေလုပ်ပြီး အမေလည်းနေသားကျသွားခဲ့ပါပြီ” ”


အဲဒီတော့ သူငယ်ချင်းရယ် အတောင်းခံ၇တာဆိုပေမဲ့ မပေးတော့လည်း ဒီလူက ဘ၀င်မြင့်တယ် အထာကိုင်တယ်
ဆင်းရဲတုန်းက ဒါမျိုး မဟုပ်ဘူးဆိုပြီး လိုခြင်တာမရခဲ့ရင် သွားပုပ်လေလွင့် မပြောသင့်ပါဘူး အော် သူ့ မှာ မပေးနိုင်
တာက ဒီအကြောင်းလေးတွေ ကျောင့်ပါလားဆိုတဲ့ အသိစိတ်လေး ထားခဲ့နိုင်ရင် အကောင်းဆုံးပါပဲ။



ကိုယ့်မှာ လိုအပ်လို့ တောင်းတဲ့ ကိစ္စတိုင်းမှာ ကိုယ့်လိုအပ်တာ လိုခြင်တာကိုပဲ ရှေ့တန်းမတင်ကြပဲ။ သူ့ ဖက်ကိုယ့်
ဖက်အမြဲ တမ်းစဉ်းစားပေးကြရအောင်လားဗျာ။လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ ဒုက္ခ ကိုတော့ အကြီးကြီးလို့ ထင်ကြ
တာပါပဲ။ သူ့ ဖက်ကကော သူ့ ရဲ့ ဒုက္ခကိုတော့ သေးသေးလေးလို့ ထင်ရင် သူငယ်ချင်းတို့ မှားမယ်နော်။


တစ်စုံတစ်ရာကျန်ခဲ့ရင် ကျေနပ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့