Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 April 2012

အရှက် နှင့် မေတ္တာတရား

အရှက် နှင့် မေတ္တာတရား

မိဘဆိုတာ သားသမီးတိုင်းကို ချစ်တယ်ဆိုတာ နားလည်ပါတယ် လူတိုင်းလဲသိသလို အားလုံးလည်းလက်ခံ ထားကြ
တဲ့ ဒသန တစ်ခုပါ။ ဒါပေမယ့် အရှက် တရားနဲ့ ယှဉ်လာရင်ကော မိဘက သားသမီးကို ချစ်ကောချစ်ကြရဲ့လား အရှက်
နဲ့  ချစ်ခြင်းတရားကို ယှဉ်ထိုးကြည့်ရင် ဘယ်အရာက အလေးသာမယ်ထင်ပါသလဲ။

အဖြစ်အပျက်ကလေးတစ်ခုပါ…..


၂၀၀၉ ခုနှစ် ၂ လပိုင်း မှာ စတင်ခဲ့တဲ့ အဖြစ်အပျက် ကလေးပါ။

နာမည်လေးက ၀င်းပပ ပါ။ ချောတယ် လှတယ် ခေတ်ဆန်တယ်။ မိဘတွေက အချမ်းသာကြီး မဟုပ်တောင်မှ ကိုယ်
ပိုင် လုပ်ငန်းနဲ့  ကားစီးနိုင်ပါတယ်။ ပညာအရည် အချင်းက Eco: နဲ့  ကျောင်းပြီးပြီးသားပေါ့။ ချစ်သူလား ရှိတာပေါ့..
ကောင်လေးနာမည်က ကျော်သူကွန်း GTI (EP) နဲ့  ကျောင်းပြီးပြီးသားပါ။


တွေကြတဲ့ နေရာက ON LINE ပေါ်မှာ တွေ့ ကြပြီး အပြင်မှာ ချိန်းတွေ့ ရာကနေ ချစ်သူတွေ ဖြစ်သွားကြတယ်။ချစ်သူ
သက်တမ်း တစ်နှစ်ကျော်ကြာတော့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေက အရမ်းခိုင်မြဲပြီး လက်ထပ်ဖို့ 
အထိ ရည်၇ွယ်ပြီးသားတွေပါ။

တစ်နေ့  မှတ်မှတ်ရရပါပဲ…..

Xx ပပ ငါတို့ ညနေ စိမ်းလန်းစိုပြည် မှာ ကော်ဖီ သွားသောက်ရအောင် xx

Xx အေး သွားလေကျော်သူ ဘယ်အချိန်လဲ xx

Xx ညနေ ၅ နာရီလောက် ငါအလုပ်ကပြီး တာနဲ့ နင့်ကို ၀င်ခေါ်မယ် စောင့်နေ xx

Xx အေးနော် မနောက်ကြနဲ့ xx


ချစ်သူနှစ်ဦးချိမ်းဆိုနေကြတာပါ။ညနေကြတော့ ချစ်သူနှစ်ဦး ပန်းခြံထဲမှာ အေးအေးဆေးဆေး တွေ့ ပြီး ၆ နာရီ
လောက်ကြမှ ပန်းခြံထဲက ဆိုင်မှာ ကော်ဖီသွားသောက်ကြတယ်။ကံဆိုးမှု့ က အဲဒီမှာစခဲ့တာပါ။ ချစ်သူနှစ်ဦးကော်ဖီ
လေး သောက်ပြီး နှစ်ဦးသား ရှေ့ရေး တိုင်ပင်နေတုန်းမှာပဲ…


Xxဟဲ့ နင် ကျော်သူကွန်း မဟုပ်လားxx

Xxဟင်! နင်..နင်..xx

Xx ဟုပ်ပါတယ် ငါလေ သီသီဆွေ ပါ။ နင်ချစ်လှပါချည် ရဲ့ဆိုတဲ့ သီသီဆွေလေ ။ငါ စင်္ကာပူ မှာနင့်ကို မေ့နိုင်မယ်
ထင်ပြီး သွားပေမဲ့ မမေ့ပါဘူးဟာ နင်လည်းငါ့လိုပဲ သတိရနေမယ်ဆိုတာငါသိတယ်။ဒါလေးက နင်နဲ့ ဘာတော်လဲ
ဘာမှမတော်ပဲ ချစ်သူဆိုရင်တောင် ငါ့ကို ချစ်သေးတယ်ဆိုရင် ငါ့ကိုသနားတယ်ဆိုရင် ငါ့ဆီပြန်လာခဲ့ပါ ကွန်းရယ်
ဒါငါတည်းတဲ့ Hotel နင်ငါ့ဆီ ပြန်လာခဲ့ပါ။ငါမျှော်နေမယ်..အစကဘယ်သူမှမတွေ့ ပဲနင်နဲ့ သွားခဲ့တဲ့ ဒီနေရာကို
အလွမ်းပြေကြည့်ပြီး ရင်ငါ စကာင်္ပူကို ပြန်တော့မှာပါ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် နင့်ကိုတွေ့ ရတော့ ကွန်း ရယ်
ပြန်လာခဲ့ပါ ငါစောင့်နေမယ်။ ဒီကညီမလေးကိုလည်း မမ တောင်းပန်ပါတယ် xx


ငိုလည်းငို ပြေးလည်းပြေးသွားတဲ့ သူ့ ကိုကြည်ပြီး နှစ်ယောက်လုံး မှင်သက်ပြီး ဘာစကားမှ မဆိုဖြစ်ကြဘူး ပြီးမှ..


Xx အဲဒါ ရှင့် အရင်က ချစ်သူလား xx

xx မေးနေတယ်ပြောလေ ရှင့်မှာ ပါးစပ်မပါဘူးလားxx

xx ဟုပ်ပါတယ် ပပရယ် ဒါပေမယ့်…..xx

xx ရှင် ကျွန်မကို ဘာမှရှင်းပြ ဖို့ မလိုဘူး ရှင်နဲ့  ကျွန်မရဲ့ ဇတ်လမ်း ဒီမှာတင်ပြတ်ပြီ xx
ဆိုပြီး ၀ုန်းကနဲ ထထွက်သွားတဲ့ ချစ်သူနောက်ကို ထအလိုက်

xx ဆရာ ဆ၇ာ ပိုက်ဆံမရှင်းရသေးဘူး xx
xx ဟာကွာ အရေးထဲမှာ ရော့ေ၇ာ့ ပိုတာယူထားလိုက် xx


ပိုက်ဆံရှင်းပြီးကြည့်လိုက်တော့ ပပက မရှိတော့ဘူး။လမ်းမပေါ်မှာလဲ မရှိဒေါင်းတောက်အောင် ရှာပေမဲ့ မတွေ့ ခဲ့ဘူး
အိမ်ကို ဖုန်းဆက်တော့လည်း မရောက်သေး ၉နာရီ ထိုးတော့ အင်းယျားကန်ဘောင်ကို စိတ်ညစ်ညစ်နဲ့ ထွက်လာမိ
တယ် ဒီအချိန်ဆို ကန်ဘောင်မှာကလူရှင်းတယ်လေ။ထိုင်နေရင်းနဲ့ ခပ်လှန်းလှန်းထိုင်ခုံပေါ်မှာကောင်လေး
နှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်..စကားပြောနေသံ ကြားလိုက်မိတယ်။


xx နင် ညစ်နေတာမဟုပ်လား ငါတို့ နဲ့  လိုက်ခဲ့ နင်ပျော်သွားရမယ် xx

xx တော်စမ်းပါဟာ ငါဘာသာငါ အေးအေးပဲ နေပါရစေ xx


xx မဟုပ်ဘူးလေဟာ နင်ကလည်း ကော်ဖီလေးပဲ သောက်မှာပါxx အသံကြားဖူးတယ် ဆိုပြီးအနားသွားကြည့်တော့ …
xx ဟင်! ပပ နင်ဘာလုပ်နေတာလဲ ဒီကောင်တွေ ကကော ဘယ်ကလဲ နင့်ကိုငါ ဘယ်လောက်စိတ်ပူရတာနင်သိလား
နင့်အိမ်ကလည်း နင့်ကိုလိုက်၇ှာနေတယ် ငါနဲ့ အခုလိုက်ခဲ့xx


xx အဲဒါ နင့်အလုပ်မဟုပ်ဘူး လာ ဟေ့ကောင်တွေ xx


ပြောပြောဆိုဆို ကန်ဘောင်ပေါ်က ပြေးဆင်းသွားတဲ့ ပပနောက်ကို ဟိုနှစ်ကောင်ပါ ဆင်းလိုက်သွားတယ်။ ခဏမျှ
မင်သက်နေပြီး ချက်ချင်းပြေး လိုက်သွားပြီးတော့ ကားကိုချက်ခြင်းငှားပြီး နောက်ကနေလိုက်သွားရတယ်။၈ မိုင်က
moon bakerry မှာ သူတို့ ဆင်းသွားတာကိုတွေ့ တော့ …..


Xx ကားဆရာ ရပ်တော့ရပြီ ရော့ကားခ ၁၅၀၀ x

ပေးပြီးအပေါ်ထပ်ကိုတက်သွားတော့ ဟိုနှစ်ကောင်နဲ့ ပပ၀ိုင်းမှာထိုင်နေတာကို မြင်ရင်ပဲရင်ထဲမှာ မီးတောက်သွားတယ်။


Xx ပပ နင်ဘာလုပ်နေတယ်ဆိုတာ နင်သိရဲ့လား အခုချက်ခြင်း ငါနဲ့ ပြန်လိုက်ခဲ့ပါ xx

Xx နင်နဲ့ ငါနဲ့  ဘာမှမပတ်သတ်တော့ဘူး နင်ကဘာမို့ လို့ ငါ့ ကို လာခေါ်ရတာလဲ xx

Xx အေး နင့်ဖက်က ပျက်ပေမဲ့ ငါ့ဖက်ကတော့ မပျက်ဘူး ပပ xx ဆိုပြီး လက်ကိုဆွဲ လိုက်တယ်ဆိုရင်ပဲ

Xx ဖြန်းးးးး xx


ပါးပြင်က ပူကနဲ ဖြစ်သွားပြီး ဘယ်ကမန်းမသိတဲ့ မျက်ရည်တွေ ပါးပေါ်စီးကြလာခဲ့တယ်။လူလည်းမှင်သက်ပြီး အရုပ်
ကြိုးပြတ်ပြုတ်ကြသွားတယ်။


Xx ပပ ရယ်နင်လုတ်ရပ်တယ်ဟာ ငါလေနင့်ကို တစ်ကယ်ချစ်ခဲ့တာပါ။ဟုပ်ပါတယ် သီသီဆွေ ဆိုတာ ငါတို့ GTI
တက်စဉ်က ချစ်ခဲ့တဲ့ ချစ်သူတွေပါ။ ဒါပေမယ့် အခုအချိန်မှာ ငါနဲ့ ဘယ်လိုမှ မပတ်သတ်တောဘူး ဒါကိုနင်
နားလည်ပေးပါနင်အရမ်းရက်စက်တယ် ပပရယ်။ငါသွားတော့မယ် xx

ပြောလည်းပြောဆင်းသွားတဲ့ ချစ်သူကိုကြည့်ရင်း မျက်ရည်တွေ တစ်လိမ့်လိမ့်နဲ့ ….



Xx သူငယ်ချင်း စိတ်ညစ်မနေပါနဲ့  ရော့ ကော့တေး (ကော့တေး ဆိုတာက အသီးအနှံအရည်နဲ့ အရက်နဲ့ ရောစပ်
ထားအဖျော်ယမကာ) အရက်မဟုပ်ဘူးနော် သူငယ်ချင်း သောက်လိုက် သောက်လိုက် xx


Xx ငါ သူ့ ကိုတစ်ကယ် ချစ်ခဲ့တာပါ သူငယ်ချင်းရာ xx

Xx အေး အေး ငါသိပါတယ်ဟာ နောက်တစ်ခွက်ချ လိုက်အုံး ပြီးရင်သွားမယ် xx

Xx ဘယ်ကိုလဲ xx

Xx mr:guitar သွားမယ် အဲဒီမှာ သီချင်းသွား နားထောင်ပြီး ညစ်နေတာကို ဖြေလိုက်ရအောင် xx
ကံဆိုးခြင်းဆိုတာ အဲဒီမှာ စခဲ့တာပါ။



မစ္စတာ-ဂစ်တာမှာ အလဲအကွဲ မူးသွားခဲ့တဲ့ ပပတစ်ယောက် လူယုတ်မာ နှစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရတယ်။ အဲဒီ
ထက် ဆိုးရွားတဲ့ကိစ္စ ကဘာလဲဆိုတော့ သူတို့ နှစ်ယောက်ရဲ့ ယုတ်မာပုံကို internet ပေါ်တင်ခဲ့တယ် ။
photo ကော video ပါ။ ဒါပေမယ့်မျက်နှာတော့ မပေါ်ဘူး ပပပုံကတော့ ရှင်းရှင်းလင်းလင်း ကြီးပေါ့။


ရေးခြင်တာက အခုမှရောက်တာပါ သမီးဖြစ်သူရဲ့ ဖြစ်ရပ်အတွက် ကူညီကြရမဲ့ အစားမိဘ နှစ်ပါးစလုံးက သမီးဖြစ်သူ
ကိုအမွေပျက် စွန့် လွှတ်ခဲ့တယ်။သူတို့ ရဲ့ မျိုးရိုးဂုဏ်ကို အရှက်ခွဲတယ်ဆိုတဲ့ အပြစ်နဲ့ ပေါ့။ဒီနေ့ အထိလည်း မဆက်
သွယ်ခဲ့ဘူး ကျွန်တော်သိတာက မိဘဆိုတာ သားဆိုးသမီးဆိုးကို စွန့် လွှတ်ရိုး ထုံးဆံမရှိပါဘူး ။ ပြီးတော့ သူကလို
လားစွာ အစော်ကားခံတာမဟုပ်ပါဘူး။


စိတ်အာရုံရှုပ်ထွေးလို့  မကောင်းပါဘူး ဆိုတာ လူတိုင်းသိတဲ့ အရက်ကို သောက်မိလို့ မဖြစ်သင့်တာ ဖြစ်ခဲ့ရတာကို
မိဘနေနဲ့  ခွင့်လွှတ်သင့်တာပေါ့။နောက်တစ်ခု သူမှားတဲ့ အချက်ကဘာလဲဆိုတော့ အရွဲ့ တိုက်တဲ့စိတ် အရမ်း
ကြောက်ဖို့ ကောင်းပါတယ်။ပညာတွေ သင်ထားပေမဲ့ အဲဒီပညာရပ်တွေက အရွဲ့ တိုက်တဲ့ အချိန်ဘာမှမသိဘူး
မကြိုက်ဘူးဆိုတာကို ပိုလုပ်ခြင်ကြတယ်။အခု ကျော်သူမကြိုက်တာတွေကို ပပလျှေက်လုပ်ရင်းမဖြစ်သင့်တာတွေ
ဖြစ်သွားရတာပါ။



နောက်ဆုံးတစ်ခုပါ။ကျွန်တော်ရေးတဲ့ (နာမည်လွဲ) ပပ ဆိုတဲ့ အမျိုးသမီးရဲ့ မိဘဆွေမျိုတွေထဲက တစ်ယောက်
ယောက်များ ဒီ post ကိုတွေရင် တစ်ခုပဲမေးလိုက်ခြင်ပါတယ်။ အရှက် တရားနဲ့ ယှဉ်လာရင်ကော မိဘက သားသမီး
ကို ချစ်ကောချစ်ကြရဲ့လားလို့ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့