Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 April 2012

ဒုတိယလူရဲ့ ယုယမှု ခံရပေမယ့် .......ဒုတိယအကြိမ်ကွဲတဲ့အသဲ မနာပဲမနေပါဘူးလေ

 ငါထင်မိတယ် အရင်တုန်းကပေါ့
 'ချစ်တယ်' လို့ပြောပြီး
  ပြုံးပြခဲ့တဲ့ သူ့ရဲ့မျက်လုံးတွေ

 အခုကျမှ ကျောက်ဆစ်ရုပ်တစ်ရုပ်လို
 ဘာစကားမှမထွက်ပဲ...
 မျက်လုံးထဲက 'အမုန်း'တွေ
 ထွက်နေသလိုပါပဲ ငါတွေ့နေရတယ်..

 အကြောက်ဆုံးသူတစ်ယောက်ရဲ့
 နောက်ဆုံးစကားက
 ပြောမထွက်နိုင်တဲ့ အခြေအနေကို
 မင်းက မောနေတယ်ထင်တာလား
 ငါမမောပါဘူးးး
 မင်းသာ ငါ့ရဲ့အမောကို
 အစောကြီးကတည်းက သတ်ခဲ့ပြီးသား

 အရင်တုန်းက ရောခဲ့တဲ့ငါ....
 အခုကျတော့

 မသိတဲ့ရင်ခွင် ဘယ်နားက
 အက်ကွဲနေမှန်းမသိပါဘူးလေ......၊

 ငါအပေါ်ကိုမော့ကြည့်တော့လည်း
 ကောင်းကင်ကိုပဲတွေ့တယ်
 အောက်ကြည့်ပြန်တော့လည်း
 နှစ်ခါကွဲတဲ့အသဲ
 မနာပဲနေမလားဗျာ
 နာနေတော့ ..........
 ဆေးထဲ့မလို့ ကြံတုန်း.....
 
 စေတနာသူရောက်ချလာပြီး
 ဝေဒနာအလွမ်းကို ထင်ရာမဆိုင်းလေအောင်
 ကြင်နာ အရိုင်းမပါတဲ့
 စေတနာလေးတွေနဲ့ ..........
 အခုတော့ ဝေးခဲ့ရပါပြီလေ........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့