Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 1 April 2012

♪ အရူးတစ်ယောက်ရဲ့အတွေး ♫



♪ အရူးတစ်ယောက်ရဲ့အတွေး ♫
===============
♪ နှောင်းသွားဖို့
အကြောင်းပြချက်မရှိ
ငါမသိခြင်းတွေနဲ့
အမုန်းကြိုးညှိခဲ့သူ။
♪ ယူဆောင်လာခဲ့သမျှ
တန်ဖိုးနည်းရတယ်လို့
ကိုယ့်ကိုယ်ကို အပြစ်တင်
ရင်ခုန်သံ နှစ်သိမ့်ရတဲ့သူ။
♪ မတူတာ နည်းနည်းများခဲ့သလား
အမှားတော့ နည်းမှာပါ
တစ်ခါမှ မချစ်ခဲ့ဘူးလို့
ရူးမိလိုက်တယ်။
♪ အကြိုက်မတွေ့လို့
အလိုက်မသိလို့
တစ်ရှိုက်တစ်မတ် (ငါ့ကို)
ရိုက်ချိုးထားခဲ့ပေါ့။
♪ အငိုက်မိသွားလို့
အရှိုက်ထိသွားလို့
ဟန်ကိုယ်မဖို့နိုင် (ငါ့မှာ)
ခွေယိုင် လဲ ပြို ခဲ့ပေါ့။
♪ တစ်ဖြည်းဖြည်း အချစ်လျော့သွားဖို့
ကိုယ့်အမှားကိုယ် ပြန်ပြန်စစ်ကာမှ
အိပ်မက်တွေထိ တစ်ဆစ်ဆစ်
မေ့ပစ်ဖို့မှ မလွယ်လှတာ။
♪ မရေရာခြင်းတွေများများ တွေးတော့
သေချာခြင်းတွေ နင်းချေ (အားဖျော့)
အပျင်းပြေ နင်ထား (ဆော့ကစား)
ကြင်နာမှုကို အားမနာခဲ့ဘူး။
♪ ထားလိုက်ပါဆိုယုံနဲ့
ပုံပြင်ဖြစ်သွားတယ်။
♪ ဒီမှာချစ်သူ။..
မယူချင်လည်း လက်ခံထားလို့ရတဲ့အရာတွေထဲမှာ
မေတ္တာတရားသားပါခဲ့ရင်
ငါ ရင်မနာရလောက်ဘူး။
(အရူးတစ်ယောက်ရဲ့အတွေး။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့