Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 1 April 2012

နင်စေရင်

ဝဋ်ကြွေးလို့ မယူဆရက်ပါဘူးကွယ်....။
အစွန့်ပစ်ခံရတာကိုက ဘ၀လို့မှတ်ယူပါရစေ...။
မင်းဘာလုပ်လုပ်
အဟုတ်ထင်၊
မင်းဘာလုပ်လုပ်
အပြစ်မမြင်၊
ငါ့ရင်ခွင် တံတား အစဉ်ခင်းထားခဲ့ပါတယ်.....။
နင့်အနားမှာ...နေ၊ နင်ထားရာ...စေ
အစေခံလို...နှင်
အိမ်စေလို....ခိုင်း
ကျွန်တစ်ပိုင်းလုံးလုံးဖြစ်
အဲဒီလောက်ထိ ချစ်ခဲ့တာပါကွယ်......။
အိပ်မက်တွေ ပိုးလိုးပက်လက်လန်
စိတ်ကူးတွေ နလန်မထူ
အသည်းတွေ ပက်ပက်စက်စက်နာ ပေမယ့်
ခေါင်းငုံ့ ဒူးကွေး
ဦးညွှတ်ပေးထားပါတယ် အချစ်ရယ်.....။
မင်းနဲ့ မသင့်တော်တဲ့
အစွန့်ပစ်ခံ ဖိနပ်တစ်ရံလို
ရင်ခုန်မြတ်နိုး
ဘာကိုမှ မမျှော်ကိုးဘဲ
ထာဝရ ရိုကျိုးလျက်ပါ အချစ်ရယ်.....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့