Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 April 2012

ချေးချွတ်ဖို့ မနေ့က မေ့နေခဲ့တယ်... စိတ်တွေမှာ *

ဘုရားကျောင်းထဲတုန်းက အရေပြားဟာ အရေပြားအတိုင်းပဲ
မေ့လွန်း
လျော့လွန်း
တင်းလွန်း၊ ဖျင်းလွန်း။ အတင်းဖျင်းဆိုလွန်းလို့ အလံ တတူတူမြည်တယ်
(တလူလူလွင့်အောင် အသံနဲ့ဆုတောင်းရင်း လွဲချက်)
လက်သည်းမဲ့ ကုတ်ဖဲ့ ညီနောင်ချင်းတွေ အမဲဖျက်၊ ခွေးအ များလို
ဟန်တစ်ခွဲသား ပန်။ မျက်နှာမြင် ချစ်ခင်… ဟုတ်ပြီ၊
အသံကြား သနား… သွားစမ်းပါ၊ စ,လာကတည်းက ပုံမလာတော့ဘူး။
အကောင်းမြင်မြင်၊ အဆိုးမြင်မြင် မျက်လုံးကစွေနေလို့ အတက်ကို ဘီးတပ်တပ်ပေးဖို့

(ဘုရားကျောင်းထဲတုန်းက အရေပြားဟာ အရေပြားအတိုင်းပဲ)
လက်ညှိုးမှာ မာနတွေအပြည့်ကော်ပြီး
တတ်သည့်ပညာကပဲ မနေသာ ဖြစ်ဖြစ်နေတာခက်တယ်။
ကိုယ့်ရောဂါကိုယ် ဆေးမထည့်ဘူး… စိတ်ပါလက်ပါကြီး ငူလိုက်ငိုင်လိုက်၊ ဆူလိုက်ညံလိုက်
စပိုက်ဒါ* ဖြစ်တော့မှ သွေးက မတိတ်။ ထိလွယ် ခိုက်လွယ် မျက်နှာကျက်လည်း မသန့်နဲ့
ဘုရားကျောင်းထဲတုန်းက အရေပြားဟာ ချေးချွတ်ဖို့မေ့ခဲ့ပြန်တယ်။

အမြဲတမ်းလုပ်ရင် မှန်ကန်လား??? ?? ?
နင်ပဲငဆ ဖြစ်လိုက်၊ မျက်နှာလိုမျက်နှာရ ဖြစ်လိုက်ပေါ့
ငါ့တို့ရင်ဘတ်ပေါ်က “မီးသတိပြု” ဟာ
ဆီတိုင်ကီမှာ ရေးတာမဟုတ်ဘူး… ရေလိုစိတ်တွေမှာ…

မနိုင်ဝန်ထမ်းပြီး အကုသိုလ်အထွေးလိုက် ယက်ရင်း ဖောက်ရင်း
ဂျက်တစ်စင်းလို ပျာယာခတ်နေအောင် ပျံပြနေတာများ
အသံထွက်ပြီး မပေါက်ကွဲဖူးတဲ့ဗုံးတွေ
လှုံ့ဆော်စကားနဲ့ ဆေးပြားမပါ… စသဖြင့်။ သေးမပန်းနဲ့ ခုမှ
ဘုရားကျောင်းထဲတုန်းက အရေပြားဟာ
အပြင်ရောက်တော့ ချက်ချင်း သားရေသားဖြစ်သွားတယ်။       ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့