Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 April 2012

ဘ၀ အမောတွေ ပြေပျောက်ဖို့ ဟာသလေးတွေ ဖတ်ကြစို့.....

အရင်ဖြေပါ
လူငယ်အမျိုးသား ။ ။ ဦးရဲ့ သမီးနဲ့ ကျနော့်ကို လက်ထပ်ခွင့် ပေးပါဦးရယ်
သမီးဖခင် ။ ။ မင်းအရက် ကလေး ဘာလေးသောက်တတ်သလား?
လူငယ်အမျိုးသား ။ ။ အရက်ကိုနောက်မှတိုက်ပါဦးရယ်၊ ကျနော့်တောင်းဆိုချက်ကို အမိန့်ရှိပါဦး ဟူ၏။


××××××××××××××××××××××××××××××××××××××


ဝေးလေ ကောင်းလေ
လူငယ်တယောက် သည် ကားတစီး ဌားပြီး ချစ်သူမိန်းကလေး အား ခိုးပြေးလေ သည်။ လုံခြုံ စိတ်ချရသော
မြို့တမြို့ရှိ သူငယ်ချင်း အိမ်သို့ရောက်သော အခါ......
' ကျေးဇူးပဲ ကား ဆရာရေ ကားခ ဘယ်လောက်ပေးရမလဲ ပြောပါ'
' ပေးဖို့မလိုပါ ဘူးခင်ဗျာ၊ကားခ ကို မိန်းကလေး အဖေ က အလုံအလောက် ပေးပြီးပါပြီ၊ ပြီးတော့ ခင်ဗျား
ကိုလည်း စာတစောင် ပေးလိုက်ပါတယ် ' ဟုပြောပြီး ကားဆရာက စာတစောင် ထုတ်ပေး၏။
စာထဲတွင်....
' ပြောမရ ဆိုမရ လို့ စိတ်ညစ်နေရတဲ့ မိဘ တွေများရဲ့ ဒုက္ခ တွေ ကို ပခုံးပြောင်းလွှဲယူသွားတဲ့ မောင့်ကို
ကျေးဇူးတင်လွန်းလို့ ကားခ ပေးပြီးပါပြီ ၊ ဝေးဝေး ကိုသာ ခိုးသွားပါကွယ် ' ဟူသတည်း။


××××××××××××××××××××××××××××××××××××



ဒါကြောင့်ပါ
' ဟောဟို အမျိုးသမီး ကြည့်ရတာ အပူမိနေပုံပဲ ဗျ၊ ဘာဖြစ်လို့ပါလိမ့် '
' ယောင်္ကျားတယောက်အတွက် နေမှာပေါ့ဗျာ '
' အိုဗျာ....သူ့မှာ ယောင်္ကျားမှမရှိပဲ '
' မရှိလို့ ပြောတာပေါ့ဗျာ၊ သူ့ခမျာ ၀မ်းနည်းနေရှာတယ်လေ 'ဟူ၏။


××××××××××××××××××××××××××××××



လက်တွေ့ ကျကျ
ကောင်မလေး။ ။ တို့ကိုချစ်ရဲ့လား
ကောင်လေး ။ ။ ချစ်တာပေါ့
ကောင်မလေး။ ။ တို့သေရင် မောင်ငိုမှာလား
ကောင်လေး ။ ။ ငိုမှာပေါ့
ကောင်မလေး။ ။ ဘယ်လောက်ထိ ငိုမှာလဲ ၊ ငိုပြပါလားဟင်
ကောင်လေး ။ ။ အရင်သေပြလေ တဲ့။


×××××××××××××××××××××××××


မုန်းလို့
အိပ်ရာပေါ်တွင် သေလုမြောပါး ဖြစ်နေသော လူနာ ဇနီးသည် က ခင်ပွန်း ဖြစ်သူကိုလှမ်းခေါ်လိုက်သည်။
' ကျမ သေလို့ တစ်လလောက်အကြာမှာ ရှင် မနီလာ ကိုလက်ထပ်ယူပါ '
ခင်ပွန်း ဖြစ်သူ က....
' ဟာ....မနီလာ က မင်းရဲ့ ရန်သူမဟုတ်လား '
ထိုအခါ ဇနီးသည် က
' ဟုတ်တယ်လေ၊ ရှင် နဲ့ အိမ်ထောင် ကျတဲ့ ကာလ တွေမှာ ကျမ ခံစားနေရတဲံ ဒုက္ခ တွေ ကို အဲ့ဒီကောင်မ
ခံစားစေချင်လို့ပါ ' ဟူ၏။


××××××××××××××××××××××



ကျန်သေးတယ်
မောင်မောင် နဲ့ ဇော်ဇော် တို့ သူငယ်ချင်း နှစ်ဦး မဆုံ ဖြစ်သည်မှာ ကြာပြီ ဖြစ်သဖြင့်လက်ဖက်ရည်ဆိုင်ထိုင်ရင်း
ဟို အကြောင်း ဒီအကြောင်းတွေ ပြောဖြစ်ကြသည်။

မောင်မောင် ။ ။ နေပါဦးကွ မင်း အဘွားကြီး( ယောက္ခမ ) ဆုံးသွားပြီဆို

ဇော်ဇော် ။ ။ မင်းကလည်းခုမှလာပြီး အိမ်မက်မက်နေတယ် ၊ ဆုံးတာ တနှစ်တောင် ကျော်သွားပြီ

မောင်မောင် ။ ။ အေးကွာ မင်းယောက္ခမ ဆုံးတယ်လို့တော့ကြားတယ် ၊ ငါလည်း နိုင်ငံခြားရောက်နေလို့
မလာဖြစ်ဘူး ငါမလာ ဖြစ်တာ ခွင့်လွှတ်ပါကွာ...

ဇော်ဇော် ။ ။ ရပါတယ် ကိစ္စ မရှိပါဘူးကွာ ၊ ပြောနေရမယ့် လူတွေမှမဟုတ်တာ..

မောင်မောင် ။ ။ ရက်လည်တော့ ဘာကျွေးသလဲ ကွ

ဇော်ဇော် ။ ။ မုန့်ဟင်းခါး ပဲပေါ့ကွ

မောင်မောင် ။ ။ မစားလိုက်ရတာနာတယ်ကွာ

ထို အခါ သူငယ်ချင်း ၏ ပြန်ပြောစကားကြောင့် မောင်မောင် ဘာဆက်ပြောရမလဲ မသိဖြစ်သွားသည်။

ဇော်ဇော် ပြောလိုက်သည့်စကားမှာ......
' နောက်တခါကျမှ အ၀ စားပေတော့ ၊ အဘိုးကြီး ကျန်သေးတယ် ၊ ခု အိမ် မှာ သူလည်းနေမကောင်းဖြစ်နေတယ်ကွ'
ဟူသတည်း။


××××××××××××××××××××



စိတ်ညစ်လို့
ကိုပိန် ။ ။ ဟေ့ မောင်လှ မင်းကြည့်ရတာ စိတ်မကောင်းဖြစ်နေသလိုပဲ
မောင်လှ ။ ။ ငါ့ မိန်းမ က ငါ့ကို ရက်ပေါင်း ၃၀ စကားမပြောဘူး ပြောထားလို့ကွ
ကိုပိန် ။ ။ သြော်ဒါကြောင့် မင်း စိတ်မကောင်းဖြစ်နေတာလား
မောင်လှ ။ ။ မဟုတ်ပါဘူးကွာ..ဒီနေ့ ရက် ၃၀ ပြည့်တဲ့နေ့ ဖြစ်နေလို့ စိတ်ညစ်နေတာပါကွာ....တဲ့လေ။


××××××××××××××××××



သမီး ကိုပဲ ယူပါရစေ
" ဦးရယ်...ဦးသမီးကို ကျနော် လက်ထပ်ပါရစေ " ကိုအောင် က သူ့ချစ်သူ အဖေ အား အရဲစွန့် ပြောလိုက်သည်။
' နေပါဦးကွ မင်း ငါ့ မိန်းမ နဲ့ အရင်တွေ့ပြီးပြီလား ' ဖခင် က ပြန်မေးလိုက်သည်။
ကို အောင် က ' ဟုတ်ကဲ့ တွေ့ပြီးပါပြီ ခင်ဗျာ...ဒါပေမယ့် ကျနော် ဦးသမီး ကိုပဲ ကြိုက်လို့ပါ ' ဟူ၏။


×××××××××××××××



အော်ရဲရင် အော်ကြည့်
ကောင်လေးတယောက် က ကောင်မလေး တယောက်အား ဇွတ် အတင်း ဖက်နမ်းနေသည်ကို ကောင်မလေး ၏
မိခင်လုပ်သူ က တွေ့သွားလေသည်။
မိခင်လုပ်သူ က ချောင်းဟန့် သံပေးမှ ကောင်လေး မှာ ထွက်သွားလေသည်။
'ညဉ်းကောင်လေး က ညဉ်း ကို ဇွတ်အတင်း ဖက်နမ်းနေတယ်မဟုတ်လားဟင် ငါကိုယ်တိုင် မြင်လိုက်တယ် '
' ဟုတ်ပါတယ် မေမေ ၊ သမီးလိမ်မပြောပါဘူး '
' ညဉ်း က သဘောတူပြီး ငြိမ်ခံနေတယ်ပေါ့လေ ဘာလို့ မအော်သလဲ '
' သမီး က အော်မလို့ လုပ်တော့ သူက ခြိမ်းခြောက်လို့ပါ '
' အလို...ဘယ်လို့ ခြိမ်းခြောက်တာလဲ ငါ့ကို မြန်မြန် ပြောစမ်း '
' အော်ရဲရင် အော်လိုက်စမ်းတဲ့ ၊ အော်လိုက်ရင် နောက်တခါမလာတော့ဘူးတဲ့ သမီးကိုလည်း ဘယ်တော့မှ
မနမ်းတော့ဘူး တဲ့ ' ..... ဟူသတည်း။


×××××××××××××××××××××



ဟာသလေးတွေ ကို ဖတ်ရှု ရယ်မောရင်းဖြင့် ဘ၀ အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့