ကောင်းကင်ကဒေါင်းအလံ
နေ၀န်းနီငွေရောင်လမ်း
ပျံသန်းခဲ့ပြီ
ရွှေမှုန်ကြဲတဲ့နေ့စွဲ.......
သံလှောင်အိမ်နှစ်လုံးသား
တိုးထွက်လို့အောင်လံချီ
သာယာလွန်းတဲ့ဒေါင်းတွန်သံ
တို့ပြည်တံခွန်အောင်လံထူ
ငမွဲပြည်သူအားနဲ့စိုက်ထူ
ဂုဏ်ယူကာမေ့မနေနဲ့
သွေးနီနီ
ဟိုးးးးအတိတ်စီကအုပ်မြစ်တစ်ဆုံ
ရှေ့ချီမဲ့လမ်းသူတို့ခင်းခဲ့တယ်
ခုချိန်အောင်ပွဲဆင်
သူတို့အင်အားမေ့ထားလိုက်နဲ့ ........
နေယံ
ကြားရသမျှဝမ်းသာသမျှလေးနဲ့ခံစားထားတာလေးပါ
No comments:
Post a Comment