Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

စာနာပါ

ကောင်မလေးရယ်

မင်းအပြုံးမျက်လုံးလေးတွေက

ချစ်တတ်တဲ့ ကိုယ့်နှလုံးသားမှာ

ခိုင်မြဲစွာ နေရာယူခဲ့ပြီလေ

လွမ်းမိတိုင်း ချစ်

ချစ်မိတိုင်း လွမ်းနေတဲ့

နှလုံးသားရဲ့ တစ်နေရာမှာတော့

ဝေးသွားမှာကို တကယ်ကြောက်မိတယ်

အရှုံးနဲ့ အမုန်းတွေက

နှလုံးခုန်တာတွေ  ပြန်စေသလို

ရပ်တန့်ပြီးတော့လည်းသွားစေတယ်လေ

ဒါတွေကြောင့်...........

ပန်းဗေဒါတွေဟာ

စန်းရေပြာရှိမှ အသက်ရှင်သလို

လွမ်းတတ်တဲ့ ဒို့နှလုံးသားလဲ

မင်းရှိမှ အေးမြမှုတွေနဲ့

အသက်ရှင်နိုင်မှာမို့

စာနာလို့ ကြည့်ပါဦးလား

ကရုဏာရှင် ဆရာမလေးရယ်..................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့