Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

အချစ်စစ်

ကော့ညွတ်နေတဲ့

မျက်တောင် လေးတွေရဲ့ အောက်က

ပြာလဲ့လဲ့ မျက်ဝန်းတစ်စုံရဲ့

မွတ်သိပ်နေတဲ့ အကြည့်နဲ့

ချိုသာတဲ့ အပြုံးလေးကို

အခုချိန်ထိ

မြင်နေတုန်းပါပဲ....။

ဘယ်လောက်ဝေးဝေး

ဘယ်အခြေနေပဲရောက်ရောက်

ဘယ်လောက်ပဲနှောင်းနှောင်း

မပြောင်းလဲတဲ့ အချစ်နဲ့

ချစ်နေမယ်ဆိုတာ

မင်းရဲ့နှလုံးသားကို

ငါအသိပေးပါတယ်.......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့