Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 15 April 2012

စဉ်းစားဆုံးဖြတ်ပါ

၁ ။။ ကိုယ့်ကို စကားပြောရင် ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေး............
သူ့ရဲ့စကားထဲမှ မိမိပညာရတယ် စကားဆုံးလည်း သူ့အတွက်လား ကိုယ့်အတွက်လား အများအတွက်လား
ယူစရာပါလား ကိုယ့်ကို ပြောကြားတဲ့ စကားထဲမှာ တန်ဖိုးရှိတာပါလား ပြန်ပြီး ဝေဖန်ပိုင်းခြားတတ်ရတယ် ။


၂။။ ဘုန်းကြီးရှေ့ကနေ အရင်မကြွရဘူး စနည်းနာတတ်ရတယ်။
လူမျိုးပေါင်းစုံထံက နည်းပညာမျိုးစုံ အတတ်ပညာမျိုးစုံ လေ့လာသင်ယူတတ်ရတယ်။ ဆရာလည်းမလုပ်နဲ့
တပည့်လည်းမဖြစ်စေနဲ့ဒါအောင်မြင်သူတွေရဲ့အရည်အခြင်း ကိုယ်ရည် မသွေးရဘူး သူ တပါးအထင်မသေးရဘူး


၃။။ ခေတ်မှီပါ ခေတ်ဆန်ပါ မကလက်ပါစေနဲ့ အရှက်တရားရှိပါ။
အခြင်းခြင်း စကားပြောဆိုတာ မိုက်ရိုင်းခြင်းမှ ရှောင်ကျဉ်ပါ။
အမျိုးသားများကလည်း အမ ညီမ မရှိလည်း မိခင်လိုမြင်ပြီး နှစ်မသားခြင်းစာနာပါ ။


၎။။ ပြောချင်တယ်ဆိုပေမယ့် ပြောသင့်လား ပြောသင့်တဲ့လူ ဟုတ်လားစဉ်းစား တိုင်ပင်တယ်ဆိုရင်
လည်းတိုင်ပင်သင့်တဲ့ လူလား တိုင်ပင်သင့်တဲ့အချိန် ဟုတ်လားလေ့လာပါ။


၅။။ သူတစ်ပါးမအားတဲ့အချိန် ဒေါသထွက်ချိန် အိပ်ရာနိုးခါစအချိန် အိပ်ချင်နေတဲ့အချိန် ရှောင်ကျဉ်ပါ.။


၆။။ အရက်သောက်ချင်လည်း မူးအောင်သောက် မမှောက်စေနဲ့ ဆိုသလိုပေါ့ လူသောက်သောက်ပါ ။
ခွေးသောက် နွားသောက် မသောက်ပါနဲ့ခွေးစိတ် နွားစိတ်ပေါက်ရင် အမေမသိ အဖေမသိ ဆွေမသိ မျိုးမသိ
ကျေးဇူးရှင်မသိ စော်ကား ပြစ်မှားတတ်ကြတယ် ။ ဒါကြောင့်ဘယ်အရာမဆို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ချင့်ချိန်ပါ
စဉ်းစားပါ။ သူနေရာ သူဒေသ နေထိုင်တတ်ပါစေ ။


၇။။ ခင်မင်မှုကို အလွဲသုံးစား မလုပ်မိပါစေနဲ့နွားရှေ့ထွန်မကျူးမိစေနဲ့ရောမရောက် ရောမလိုကျင့်တတ်ပါစေ ။


၈။။ ခွေးလေး အရောဝင်သလိုလည်းမလုပ်မိစေနဲ့ပေါင်းတာကြည့်ပေါင်း ကိုယ့်အတွက်လားသူ့အတွက်လား
ယူသူလား ပေးသူလား လှုမျှဝေနေသူလားကြည့်ပြီး ပေါင်းသင်းတတ်ပါစေ ။


၉။။ လူတစ်ယောက်ကြောင့် ဂုဏ်တက်သလို လူတစ်ယောက်ကြောင့် ဂုဏ်ပျက်တတ်ပါတယ် ။


၁၀။။ စိတ်ထားဖြူစင် သန်ရှင်းလှပအောင် မွေးမြူနိုင်ပါစေ။ စိတ်ထားမွန်မြတ်အောင် ကျင့်ကြံနိုင်ပါစေ။
အရောင်စွန်းလာရင်လည်း မြန်မြန်လျှော်ဖွတ်ဆေးကြောနိုင်ပါစေ။


၁၁။။ လောကတွင်းမှလူသားများ အေးချမ်းသာယာရှိစေလို မိမိတို့စိတ်ကလေး ဖြူဖြူဖွေး စင်ကြယ်နိုင်ပါစေ။
ညစ်လာသမျှ ဟစ်ကာသာ ပြရရင် ငါလည်းညစ်မယ်ထင် အော်နေမယ့်စား ဖြူအောင်ထား ဟင်းးးးချကာလေ
စေတနာထား သူလမ်းသူသာသွားပါစေ ။ သူနောက်ကိုယ့်စိတ်လိုက်မိရင် ကိုယ်ပါညစ်မယ်ထင် ဘယ်သူလာလာ
ကြည်ဖြူတရားမေတ္တာထားမှပြည့်မည်ထင် ဘောင်ဘင်ခတ်ထားရေအိုးများ ဘေးချထားမှ တော်မည်ထင် ရေအိုးလေး
လိုပြည့်စေလို မေတ္တာဘ၀နာပွားများကာ စိတ်ထားနဲ့သာနေလိုက်ပါ.............
အောင်မြင်သည်များသင့်ရှေ့မှာ ပွားများလာမှာ အမှန်ပင်…………….။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့