Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

အနန္တငါးဖြာ မမေ့သင့်ပါ

ဂုဏ်တော်တန်ခိုး
ဘုန်းတန်ခိုးတေဇော်
အနန္တညဏ်တော်   ကံတော်တို့နှင့်
စံမယွင်းသုံးလူ  နှိုင်းယှဉ်တုမရ
စိန္တေဇိတံ   ဘုန်းတန်ခိုးညဏ်အား
ပိုင်ဆိုင်ထား  ဗုဓ္ဒမြတ်စွာအား
မမေ့ကြပါနဲ့လား။။။။။
အဝိဇ္ဇာအမှောင်ပယ်ကွင်း
မောဟဒေါသ  ကင်းကွာရာဂ
လွတ်မြောက်လွတ်ကြောင်း   သံသရာဝဋ်အပေါင်း
မှန်စွာသိရန်   မြတ်ဓမ္မံ
မယွင်းချိန်ခါ   သိမှတ်စရာ
အဖြာဖြာကောင်းကျိုး
ဓမ္မံတရားတော်အား
ညွတ်ကျိုးဆယ်ဖြာ  ဦးခိုက်ပါ။။။။။
အကျင့်သီလ  ကောင်းမြတ်လှသော
ရှင်သူသံဃာ  ဤသာသနာတွင်
ကြိုးကုတ်ပွားများ   မြတ်တရားအား
ရောက်ရန်ရက်တိုတို    နိဗ္ဗာန်မဂ်ဖိုသို့
ဟောကြားသွန်သင်  သံဃာရှင်တို့အား
မမေ့ကြပါနဲ့လား။။။။။
လောကတစ်ခွင်  ဤကမ္ဘာမြေပြင်တွင်
ခွင့်လွတ်ခြင်းတွေထား   မိဘနှစ်ပါး
မေတ္တာတွေထား  မိဘနှစ်ပါး
အေးမြတဲ့လရောင်ကိုဆောင်
ထိုလူ့ဘောင်သို့   လက်ကမ်းခေါ်ယူ
ထာဝရချစ်ခြင်းတွေနဲ့အတူ
မြင့်မိုရ်တောင်ဦးမက  ကြီးမားလှတဲ့စေတနာ
မိဘနှစ်ဖြာအား  မမေ့ကြပါနဲ့လား။။။။။
သင်စေအတက်   ဆုံးမပဲ့ပြင်
ကရုဏာရှင်
စေတနာတွေထား    ရင်၍လွယ်ဖွား
သားသမီးများပမာ   ချော့ကာတစ်ခါ
ခြောက်ကာတစ်လှည့်
သွန်သင်ဆုံးမ   ရိုက်သောညားလဲ
ကရုဏာတွေထား
မကောင်းသတင်းကြား   ရင်ထဲမှာခံစား
ကောင်းသတင်းကြား  ပီတိတွေဖြာ
သွန်သင်ဆုံးမပေးသောမြတ်ဆရာများ
မမေ့ကြပါနဲ့လား။။။။။
အနန္တငါးဖြာကျေးဇူးဆိုတာ  မမေ့သင့်ပါ။။။။။
းးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးး
                                                 ကြိုးစားပါအုံးမည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့