Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

လမ်းဆုံက ဂျမ်းပုံ (၁) လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပေါင်တော်


                         
                                 မင်္ဂလာပါလို့တော့  ပရိတ်သတ်ကြီးကို ဂျမ်းပုံ နှုတ်ခွန်းမဆက်ပါရစေနဲ့တော့ ၊ဘာဖြစ်လို့လည်းဆိုတော့ ဂျမ်းပုံပြောရမှာ အမင်္ဂလာ ကောင်တွေရဲ့ အကြောင်းကိုလေ ၊ အမင်္ဂလာ ဆိုလို တခြားသူတွေတော့ မဟုတ်ပါဘူး " ကလိမ်ကကျစ် စစ် မှ စစ် " ဆိုတဲ့ စစ် အသိုင်းဝိုင်းက ဆင်းသက်လာတဲ့ ကြံဖွတ် အမတ်လောင်းတွေ ရဲ့ အကြောင်းပေါ့၊
                               ကြံဖွတ်တွေ ကို ဂျမ်းပုံတို့အမေစုနဲ့ယှဉ်ပြောရမှာ သန ပါသတဲ့တော် ၊ ဘယ့်နှယ့်တော် လူကြားလို့မှမကောင်း  ကြံဖွတ်ကိုယ်စားလှယ်တော် ၀န်ကြီး တင့်ဆန်းရဲ့သားက မြောင်းမြ မှာရွေးကောက်ပွဲဝင်သတဲ့ ၊ ရွေးကောက်ပွဲဝင်တာ ဂျမ်းပုံတို့အတွက်တော့ မဆန်းပါဘူးလေ၊  ဒါပေမဲ့သူအောင်နိုင်ရင် လမ်းဖောက်ပေးမယ် တံတားဆောက်ပေးမယ် ကျောင်းဆောက်ပေးမယ်လို့ မဲဆွယ်သတဲ့ မြောင်းမြ လမ်းတွေ ဘေးမှာလည်း ကျောက်စရစ်တွေ ချထားပေးမဲ့ လမ်းမခင်းသေးဘူးလေ ၊ ဓါတ်တိုင်တွေ စိုက်ထားပေမဲ့ ဓါတ်ကြိုးတော့ မသွယ်ပေးသေးဘူးလေ၊ တကယ်စေတနာ အမှန်နဲ့ ဆို ပြီးအောင်လုပ်ပေးပါ့လား ၊ရွေးကောက်ပွဲ နိုင်မှ လုပ်ပေးမယ်ဆိုတော့  ဟွန်း  မဟုတ်မှလွဲရော ငတ်ကြီးကျလို့ ကြံဖွတ် အမတ်လုပ်တာနဲ့ တူပါရဲ့ ဆောက်ပေးမယ် လုပ်ပေးမယ်ဆိုတဲ့ ငွေတွေ က  ကြံ့ဖွတ် အမတ်တွေ အဖို့  မြေကြီးထဲက နိုက်လိုက်ရင် ရတယ် လို့များ ထင်နေလားမသိပါဘူးတော်။
                              ဂျမ်းပုံ မသိလို့ မေးပါရစေတော့ ဟို ဂျမ်းပုံတို့ အမေစု ဟောပြောပွဲ လုပ်ဖို့ ဖျာပုံဘောလုံးကွင်းကို ငှားတော့ အားကစားဝန်ကြီးက မလုပ်ရဘူးတဲ့တော်  ၊ ဖီဘာ ဆိုလား ဘာဆိုလား ဥပဒေ ပုဒ်မနဲ့ မညီလို့တဲ့ တော်ရေ  ၊ ဒါပေမဲ့ ရေစကြို က ကြံ့ဖွတ်အမတ်  ဦးဘိုဝင်း ကျတော့ ဘောလုံးကွင်းထဲမှာ မဲဆွယ်ပွဲလုပ်သတဲ့  အဲ လူကတော့ ၂၅ ယောက်တောင် မပြည့်လို့ တစ်အိမ်တစ်ယောက် ဆင့်ခေါ်ရသတဲ့လေ လူကြားလို့မှ မကောင်း အားကစားဝန်ကြီးကလည်းခွင့်ပြုလိုက်သတဲ့ ဟို ... ဘာတဲ့ ဖီဘာ ဥပဒေ ကလည်း ဘယ်ရောက်သွားလည်းမသိဘူးနော် ၊ ဟွန်း ဂျမ်းပုံကတော့ လမ်းဆုံက အော်ရမလိုဖြစ်နေပြီ။
                           ပြောရဦးမယ်တော်ရေ ....  နမ္မတီးမြို့ကို ဂျမ်းပုံတို့ အမေစု ဟောပြောဖို့ ကော်မရှင်ရုံးကို လျှောက်ထားတော့ လုံးခြုံမှု့ မရှိလို့ ခွင့်မပြုနိုင်ဘူးတဲ့ ၊ ဂျမ်းပုံလည်း မေးလိုက်ချင်ပါရဲ့ လုံခြုံမှု့မရှိရင် ဘာလို့ ရွေးကောက်ပွဲကျင်းပနေရသလဲ လို့ မေးရမလိုဖြစ်နေပြီတော်။
                          အော် ပြီးတော့ပြောသေးတယ် ဂျမ်းပုံတို့ ထောက်ခံနေတဲ့ NLD  ပါတီ ကို အဖွားကြီးခေါင်းဆောင်တဲ့ ထောင်ထွက်တွေရဲ့ ပါတီတဲ့  ဂျမ်းပုံတို့ အမေစုကို အဖွားကြီးလို့ခေါ်ပြီးထောင်ထွက်လို့ပြောတာ စိတ်မဆိုးပေါင်  " နေသာသပ လေညာကပါ " တော်
                        အရေးကြီးတာက မိန်းမလိုမိန်းမရှာနဲ့ သူများခိုင်းတာမလုပ်ဖို့နဲ့  ကိုယ်ပိုင်အရည်အချင်း ရှိဖို့က အဓိက မဟုတ်လား၊
 ကြည့်လေ ကြံ့ဖွတ်အမတ်တွေ ၇၅ ရာခိုင်နှုံး နေရာယူထားတဲ့ လွှတ်တော်ကြီးက ဘာများ ပြောင်မြောက်အောင် ပြည်သူတွေ အကျိုးကို လုပ်ပေးလို့တုန်း 
                  သနားတော့ သနားပါရဲ့ ကြံ့ဖွတ်အမတ်တွေခမျာ လွှတ်တော်ထဲမှာ ထောက်ခံဆို ထောက်ခံလိုက်ရ ကန့်ကွက်ဆို ကန့်ကွက်လိုက်ရနဲ့ ကြာတော့ ပြောတိုင်းခေါင်းငြိမ့်နေရတဲ့ ပုတ်သင်ညိုကြီး တွေ ဖြစ်နေပါရောလား ဒါပေမဲ့ အားမငယ်ပါနဲ့ မြန်မာနိုင်ငံမှာ တောက်တဲ့ တွေ ဈေးကောင်းပေးပြီး လွှတ်တော်ထဲက ပုတ်သင်ညိုကြီးတွေ လည်း ဈေးကောင်းပေးတော့မယ်လို့ကြားတယ် ၊
                  ဟွန်း..... ကြံ့ဖွတ်ကို ထောက်ခံ နေတဲ့ လူတစ်စုက ဒီရွေးကောက်ပွဲ နေရာအားလုံးနိုင်ရမတဲ့လေ ၊ ဂျမ်းပုံတို့ကတော့ အပြောမကြီးပေါင်တော်  သတ္တိရှိရင် ဂျမ်းပုံတို့အမေစု နဲ့ ယှဉ်းပြီး တစ်နေရာထဲမှာ ပါတီ မဲဆွယ်ပွဲ လုပ်လိုက်ပါလား ၊ ဒါတောင် ကြံ့ဖွတ်အမတ်က  "ချီးသာပန်းနေတာ ပဲကြီးဟင်းစားတာက မပျက်သေးဘူး " အမေစု ဆီကို လာတဲ့ လူကို သူ့ဆီလာတာပါလို့ ပြောဦးမယ်ဆိုတာ  ဂျမ်းပုံ ဗေဒင်လက္ခဏာ မကြည့်ပဲဟောလိုက်ဦင်္းမယ်တော်၊
                မပြောချင်ပါဘူးဆို ပြောလိုက်ဦးမယ်  ၂၀၁၀ ရွေးကောက်ပွဲတုန်းကပေါ့
               မြို့တစ်မြို့ရဲ့ မဲရုံတစ်ရုံမှာ မဲရေတာ ကြံ့ဖွတ်အမတ်တွေ ခွက်ခွက်လန်အောင် ရှုးံပါရော ဒီတော့ ကြံ့ဖွတ်အမတ်က မကြေနပ်လို့ မဲပြန်ရေမယ်ဆိုပြီး မဲပုံးကို သူ့အိမ်ယူသွားသတဲ့ အဲ မဲပုံးပြန်လာပေးတော့ ကြံ့ဖွတ်အမတ်က အပြတ်အသတ် အနိုင်ရပါသတဲ့ရှင် ၊ ဂျမ်းပုံကတော့ လမ်းဆုံက နေ ဟောသလိုအော်ပြောလိုက်ချင်ပါရဲ့   " ရွေးကောက်ပွဲနဲ့ တန်ဆောင်တိုင်ည နဲ့ များ မှားသလားတော်ရေ " (သူခိုးည )
              ဒါကတော့ တမျိုး မြို့တစ်မြို့က မဲရုံတစ်ရုံမှာ ကြံ့ဖွတ်အမတ်က ရှုံးပြန်သတဲ့ အဲ ဒါပေမဲ့ ပြန်ပြီးမဲရေမယ်ဆိုပြီး မဲလည်းပြန်ရေရော
" မီး " ပျက်သွားသတဲ့ တော်  " မီး " လည်းပြန်လာရော ကြံ့ဖွတ်အမတ်က နိုင်သွားပြန်သတဲ့လေ အော် .... မဟုတ်မှလွဲရော "မီး" ပျက်တုန်း နတ်သကြားတွေကများလာထည့်သွားသလား မသိပါဘူးနော် ။ ဒါကတော့ တစ်မျိုး မဲရုံကိုလာထည့်တဲ့ ဖိုးဖိုးဖွားဖွား ဦးဦးဒေါ်ဒေါ်တွေ ကို ကူညီပါရစေဆိုပြီး ကြံ့ဖွတ်အမတ်က ခြင်္သေနေရာမှာ အမှန်ခြစ်လိုက်သတဲ့ သူ့စေတနာက တမျိုးကြီးပဲနော် ။
              ဟွန်း ... ကြံ့ဖွတ်အမတ်တွေ မဲခိုး မဲလိမ်နေကြလို့ မြန်မာနိုင်ငံရဲ့ မြို့တွေတောင် နာမည် တွေပြောင်းကုန်ကြပြီ ၊  ပုသိမ် ကို မဲလိမ် တဲ့ ပဲခူး ကို မဲခိုးတဲ့ ထားဝယ်ကိုတော့ မဲဝယ် တဲ့၊ ဂျမ်းပုံကတော့ ကြံ့ဖွတ် အမတ်တွေ ကိုယ်စား လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပေါင်တော် ၊
           ဒီလိုနဲ့  သူခိုး ဓါးပြတွေ စုနေပြီး လူတစ်စု ကောင်းစားရေး ၂၀၀၈ အခြေခံဥပဒေ ပြဌာန်း အငြိမ်းစားမယူသေးတဲ့ မှုးကြီးသန်းရွှေ ရဲ့ ရုပ်သေးလေးတွေ လုပ်ပြီး  ရုပ်သေး လွှတ်တော် ကြီး ပေါ်ထွန်းလာပါသတဲ့ ရှင်။         ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့