Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

အချစ်စစ်ကိုနားမလည်သောအခါ

ချစ်ခဲ့တယ် သူ့ကို အားလုံးထက် တန်ဖိုးထားပြီးတော့ပဲ ချစ်ခဲ့တယ်။
သူ့အတွက်ပဲ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို လုပ်ခဲ့မိတယ်။
ကျွန်မကို မချစ်တဲ့ ကျွန်မချစ်သူကို ချစ်နေမိတယ်။
မချစ်တဲ့အတွက် အပြစ်လေးကို အပြစ်ကြီးလုပ်ခါ ပစ်ခွာစေတဲ့ ခဲ့တာ။
တစ်ရက် တစ်မနက်အတွက်ပဲ အချစ်ကို အသုံးခဲ့တဲ့ သူဟာ။
ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ဆို သူပြန်လာမလား စောင့်မျှော်နေတာ သူသိမလား။
ဘယ်တော့မှ ပြန်မလာတာ သိနေတာတောင် ပြန်လာဖို့ ဆုတောင်းနေခဲ့မိတယ်။
နာကျင်နေတာတောင် ပြုံးနေတဲ့ နှုတ်ခမ်းက မဲ့လာနေပြီဆိုတာ သူသိစေချင်တယ်။
ချစ်လို့ စိတ်မချဖြစ်တာကို မယုံလို့ဆိုပြီး နားလည်မှုလွဲပြီး
ချုပ်ချယ်တယ်လို့ အမည်တပ်လိုက်တဲ့အခါ။
အပြောင်းလဲများပြီး နှလုံးသားကို အရူးလုပ်တာတွေ မရပ်သေးတဲ့အတွက်.....
သူ့ကို ချစ်တဲ့ ငါ့အချစ်တွေက ပူလောင်စေခဲ့တယ်။
သူ့အတွက် ဂရုစိုက်မှုတွေက ရူးမိုက်မှုလို့ အသတ်မှတ်ခံရတယ်။
သူ့အတွက် မေတ္တာက သစ္စာမပါဘူးလို့ ထင်မှတ်ခံရတယ်။
သူ့အတွက် ငါ့ဘဝက စားလို့ကုန်တဲ့ မုန့်လို လွှင့်ပစ်ခံခဲ့ရတယ်။
သူ့အတွက် ငါက ကစားလို့ ဝသွားတဲ့ အရုပ်လို အမှိုက်ပုံးထဲ ရောက်စေခဲ့တယ်။
ချစ်သူ ငါ့ကို ဘယ်လိုလုပ်လုပ် ငါက မမုန်းပါဘူး။ ဒါပေမယ့် ငါမရှိတဲ့
နေ့တွေမှာ တကယ်ပျော်နေရင် ပြန်မလာပါနဲ့။ ငါ ဝေဒနာကို နင့်ပျော်ရွှင်မှုနဲ့

လဲလို့ရတယ်ဆိုရင် ငါကျေနပ်ပါပြီ။
            ဆက်လက်ကြိုးစားပါအုံးမည်။ ချစ်စရာကောင်မလေး

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့