Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 April 2012

*******ကာရန်မဲ့နေတဲ့အချိန်သံစဉ်ပျောက်နေတဲ့အချိန်*****


သူငယ်ချင်းရေ...
တို့တွေစာပေအကျိုးထမ်းရွတ်ရင်း
ကာရန်မဲ့နေတွေလည်းရှိရဲ့
ကာရန်ချိုလေးတွေလည်းစပ်တဲ့နေလည်းရှိရဲ့
သူငယ်ချင်းရေ
တခါတရံ
မင်းရေးစပ်မဲ့သံစဉ်
ကာရန်တွေစဉ်းစားမရတဲ့အခါ
စိတ်ဓါတ်ကျမနေနဲ့
မင်းလူတွေအကျိုးထမ်းရွတ်နေတာ
မင်းအယင်အချိန်က
မင်းရေးခဲ့တဲ့ကဗျာကြောင့်
လူတွေကြည်နူးရတယ်
ပျော်ရွှင်ရတယ်
အသိတခုရနေခဲ့တာ
မင်းပြန်စဉ်းစားလိုက်
မင်းအတွက်အားသစ်တခုတိုးလိမ့်မယ်
စိတ်ဓါတ်ကျနေလို့အားလျော့လိုက်မယ်
စိတ်ကူးမနေနဲ့သူငယ်ချင်း
အားမလျှော့လေနဲ့သူငယ်ချင်း....
မင်းလဲကျခဲ့ရင်တောင်...
တို့တွေအတူဖေးမကျတာပေါ့
မင်းလောကအတွက်လူပိုမဖြစ်စေနဲ့
မင်းရဲ့ကလောင်တေးသွားတွေနဲ့အတူ
လူတွေစိတ်ကိုင်လှုပ်နိုင်တဲ့
ကာရန်တွေမင်းဖန်ဆင်းလိုက်စမ်းပါ
အနာဂါတ်ဆိုတာရှိနေပါတယ်
ငါတို့အတူလင်းလက်ကြရအောင်
ဘ၀ကို့ဆက်ရမယ့်လမ်း....
ကြမ်းတမ်းပေမယ့်
သူငယ်ချင်းတို့တွေမာန်မလျော့ပဲ
တို့ကလောင်စွမ်းနဲ့လူတွေအားသစ်တိုးအောင်
ဖန်ဆင်းလိုက်ကြရအောင်
သူငယ်ချင်း
မင်းရဲ့စာပေကလောင်စွမ်းအားတွေ
ဒီထက်လင်းလက်နိုင်ပါစေ။
သူငယ်ချင်း
မင်းဖန်ဆင်းတဲ့စာသားတိုင်း
လူတွေအသိတခုတိုးပါစေ။
သူငယ်ချင်း
မင်းရဲ့ကဗျာတစ်ပုဒ်
ကမ္ဘာကိုတောင်ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ကဗျာတပုဒ်ဖြစ်ပါစေ။
သူငယ်ချင်းရေ.............။
စိတ်ညစ်နေလို့ကိုယ်ကိုကိုယ်အားဖြည့်လိုက်တာ
ကဗျာမကျစာမကျ
သူငယ်ချင်းတို့လည်းသံစဉ်တွေ၊ကာရန်မဲ့နေရင်အားတင်းထားနိုင်ပါစေနော်။
အားလုံးကိုလေးစားချစ်ခင်လျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့