Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

“ အပြောချင်ဆုံး စကား “

ရင်ထဲမှာ အလိုအပ်ဆုံးက 
မင်းတစ်ယောက်ထဲပါ
 
လွမ်း အတွက် အမြဲ အံ့သြနေစေတာ
မင်းရဲ့ အကြည့်တွေ
မင်းရဲ့အပြုံးတွေ
မင်းရဲ့ အပြုအမူလေးတွေပါ
 
လွမ်း အတွက်အသေချာဆုံးက
အရာအားလုံးထဲမှာ 
မင်းကအလိုအပ်ဆုံးဆိုတာပါ
 
မင်းရဲ့မျက်နှာလေးတွေက 
နေရောင်ခြည်လေးတွေလိုပါပဲ
မင်းရဲ့ ပုံရိပ်တွေက
ပန်းချီကားတစ်ချပ်လိုပါပဲ
 
လွမ်း ရင်ထဲက လျှံကျနေတဲ့ 
ရည်စူးထားတဲ့အချစ်တွေအကြောင်း
မင်းသိအောင်ပြောချင်မိတယ်
 
အချစ်ရေ
ခု .. ဝေးနေကြတဲ့ အချိန်လေးဟာ
အခိုက်အတန့်လေး ဆိုရင်တောင် ..
 
မင်း ဘယ်အရပ်ကို မျှော်ငေးနေလဲ ?
ဘာတွေတွေးနေမလဲ ?
မင်း ခံစားချက်တွေ အထီးကျန်များဆန်နေမလား ?
ဒါမှမဟုတ် ..
တစ်ယောက်ယောက်နဲ့ချစ်နေမလား ?
 
ဒါပေမဲ့ 
မင်းရဲ့နှလုံးသားအတွက် 
လွမ်း နှလုံးသားထဲက 
ပဟေဠိ မဆန် ..
သဲလွန်စလဲမဟုတ် ..
ရိုးရှင်းတဲ့စကားလေး ပြောခဲ့ချင်တယ် ..
 
“မင်းကို  လွမ်း  အရမ်းချစ်တယ် “

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့