Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

ညီမလေးရယ်စိုးရိမ်တယ်


အိမ်မက်ဆိုးတွေကနိုးထဖို့
တွန့်ခေါက် ကျိုးကြေနေတဲ့အတွေးတွေကိုဆွဲဖြန့်လိုက်
အနာဂတ်အတွက်တွေးပူနေရအောင်
နံက်ဖြန်ဆိုတာ
ရောက်မှမလာသေးတာပဲညီမလေးရယ်
နံက်မိုးလင်း အာရုံကျင်းတာနဲ့(အရုဏ်)
အစဉ်အလာမပျက်တဲ့
မင်္ဂလာနံက်လို့နှုတ်ဆက်ဖို့
ကိုယ် , စိတ်တွေ
လက်ဆက်နေဖို့လိုတယ်မလား။
ခံစားမှုတွေကို
သိပ်ညဥ့်မနက်စေနဲ့ညီမလေးရေ
ခု လသာ ခု တိမ်ဖုံး
ဖောက်ပြန်ပျက်သုဉ်းနေတဲ့
ရာသီစက်ဝန်းရဲ့အောက်
လမ်းစမပျောက်ရအောင်
စိတ်တံခါးကိုဂျက်ချ
စောစောအိပ်စက်ပ ညီမလေးရယ်
စိတ်ကိုဟင်းလင်းဖွင့်လိုက်တာနဲ့
ဝင်လာမယ့်အကုသိုလ်တွေက အတုံးအရုံး
လူဖြစ်မရှုံးဖို့ ကုသိုလ်တရားနဲ့ခုခံ
ဓမ္မတံတားပေါ်မှန်မှန်လျှောက်
စိတ်ပြေလက်ပျောက်တော့မလုပ်နဲ့နော်
စိတ်ပြေရင် လက်ပျောက်သွားတတ်တဲ့သဘော
သေချာစောကျောဝေဘန်
အနေမှန်တာဟာငြိမ်းချမ်းမှုတစ်မျိုး
အစားထိုးမရတဲ့ အချိန်ရယ်
တန်ဖိုးဖြတ်မရတဲ့ ကိုယ်ကျင့်တရားရယ်
ပြန်တွေးတောဖို့မသင့်တဲ့ အတိတ်ရယ်
ကြိုတွေးပြီး မပူရမယ့်အနာဂတ်ရယ်
လက်ရှိအကောင်းဆုံးအချိန်ရယ်
နှိုင်းနှိုင်းချိန်ချိန်စဉ်းစား
သိပ်ေ၀၀ါးမနေနဲ့နော်
တန်းဖိုးကိုသိမှ တန်ဖိုးရှိတာပါညီမလေးရယ်
အမှောင်ရောက်တဲ့အခါ
အလင်းရဲ့တန်ဖိုး
စစ်ဖြစ်တဲ့အခါ
ငြိမ်းချမ်းခြင်းရဲ့တန်ဖိုး
မကျန်းမာတဲ့အခါ
ကျန်းမာခြင်းရဲ့တန်ဖိုး
အမုန်းနဲ့တွေ့တဲ့အခါ
အချစ်ရဲ့တန်ဖိုး
ဘယ်အချိန်မှာ မှ သိသိ
သိတဲ့အချိန်အကျိုးရှိတာပဲမလား
မမှားသော ရှေ့နေ
မသေသော ဆေးသမား
ရှိတယ်လို့များကြားဖူးလို့လားကွယ်
မှားတာကိုသင်ခန်းစာယူ
သောကအပူ ခလုပ်တွေကိုသေချာပိတ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပစ်လိုက်ပါ
နံနက်ဖြန်အာရုံတတ်မှာ(အရုဏ်)
အစဉ်အလာမပျက်တဲ့
မင်္ဂလာနံနက်လို့
အားပါးတရသာနှုတ်ဆက်လိုက်ပါ ညီမလေးရေ...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့