အဝေးရောက်ချစ်သူသို့ 
နင်ဖတ်မိပါစေဆိုတဲ့ ဆန္ဒနဲ့  ဒီစာကို ငါရေးလိုက်ပါတယ်…
Ning Site လေးဟာ နင်နဲ့ ငါ့ကို တွေ့ ဆုံခွင့်ပေးလိုက်တဲ့ Site လေးအဖြစ် ငါ့ဘ၀မှာ အမြဲအမှတ်တရရှိနေမယ်ဆိုတာ ယုံထားပါဟာ…
နင်က ၀င်လာသမျှ Member တွေကို နင်ကြိုပေးတတ်တယ်လေ…
ငါဝင်လာတာကို နင်လာကြိုတော့ ငါက နင့်ဆီ ကျေးဇူးတင်ကြောင်းပြောရင်းနဲ့  နင်နဲ့ ငါဟာ သူငယ်ချင်းတွေအဖြစ် စခင်ခဲ့ကြတယ်…
နင်က လူတိုင်းအပေါ် ကူညီတတ်တယ်… နင့်စိတ်ဓါတ်ကို ငါ လေးစားခဲ့တယ်…
ငါအကူအညီတောင်းတိုင်းလည်း မဆိုင်းမတွ နင်ချက်ခြင်း လုပ်ပေးတတ်တယ်…
နောက်တော့ နင်နဲ့ ငါ အပြန်အလှန် စကားတွေ ပြောဖြစ်ကြတယ်…
စရင်း နောက်ပြောင်ရင်းနဲ့  ရင်းနှီးမှုတွေ ရလာခဲ့ကြတယ်…
နင်က ငါ့အတွက် သီချင်းလေးတွေ လုပ်ပေးတတ်တယ်… ငါ့အတွက် လုပ်ပေးထားတဲ့ သီချင်းလေးတွေ နားထောင်ရင်း ငါ့ရင်ထဲမှာ ဘယ်လောက်ကြည်နူးပျော်ရွှင်ရတယ် ဆိုတာ နင်သိမှာ မဟုတ်ပါဘူး…
နောက်တော့ နင်နဲ့ ငါဟာ သံယောဇဉ်ဖြစ်လာပြီး တစ်နေ့ မတွေ့ ရရင် မနေနိုင်တဲ့သူတွေ ဖြစ်လာခဲ့ရတယ်…
နင်နဲ့ ငါဟာ မြန်မာပြည်ကို ခွဲခွာပြီး ပြည်ပနိုင်ငံမှာ ရည်ရွယ်ချက်ကိုယ်စီနဲ့  အလုပ်လုပ်နေရတဲ့သူတွေဆိုတော့ အင်တာနက်ဟာ ငါတို့ နှစ်ယောက်အတွက် ဆက်သွယ်ရေးလမ်းကြောင်းလေး ဖြစ်လာခဲ့တယ်…
Site ထဲမှာလည်း အပြန်အလှန် အချစ်သင်္ကေတတွေနဲ့  မှတ်ချက်လေးတွေပေးရင်း နင်နဲ့ ငါဟာ ချစ်သူတွေ ဖြစ်လာခဲ့ကြတယ်…
ချစ်သူဖြစ်လာပြီဆိုရင် အတူလက်တွဲ ဘ၀ကို ရင်ဆိုင်ဖို့  ရည်မှန်းချက်လေးပါ ပါလာတာပေါ့ဟာ…
နင့်အပေါ်မှာ ငါအများကြီး မျှော်လင့်ထားခဲ့ပါတယ်…
နင်ဟာ ငါနဲ့  နီးစပ်ဖို့  ကြိုးစားမယ်လို့  ငါယုံကြည်ချက်တွေ ထားခဲ့တယ်…
နင်ပြောသမျှကို ငါယုံထားတယ်…
နင် ငါ့ကို သိပ်ချစ်တယ်ဆိုတဲ့စကားကို ငါ့ရင်ထဲက သိမ်းဆည်းထားခဲ့တယ်…
ငါ နင့်ကို ချစ်တယ်ဆိုတာလည်း နင်ယုံကြည်မယ်လို့  ငါမျှော်လင့်ထားပါတယ်…
ဒါပေမဲ့ဟာ…
ငါ နင့်ကို နားမလည်နိုင်တော့ဘူး…
ငါ မြန်မာပြည်ကို ပြန်တယ်…
ငါ ပြန်တဲ့ရက်တွေမှာ နင့်ကို တွေ့ ဖို့  ငါ အင်တာနက်အမြဲသုံးတယ်… ငါ့ကို နင်လွမ်းနေတယ်တဲ့…
နောက် နင့်ကို ငါ Online မှာ မတွေ့ ရတော့ဘူး…
နင်..ဘာကြောင့် Online ကို လုံးဝမလာတော့တာလဲ…
ငါ…ဘာလုပ်ရမလဲ ဟာ….
နင် Online ၀င်လာမဲ့နေ့ ကို ငါစောင့်နေပါတယ်…
နင့်တစ်ယောက်ထဲကိုပဲ ငါချစ်တယ်ဆိုတာ ယုံပေးပါဟာ…
နင်..ငါ့အနားရောက်လာမဲ့နေ့ ကို ငါမျှော်လင့်နေပါ့မယ်…
နင့်ကို ငါ ယုံပါရစေ…
နင်ချစ်တယ်ဆိုတဲ့
…………………….
No comments:
Post a Comment