အတွေးကြားမှာမျောပါရင်း
ထိတွေ့မှုလေပြေတွေကြားမှာ
စွဲလမ်းမှုပုံရိပ် အလင်းစတွေနဲ့
ရနံ့လှိုင်အနိုပ်အမြင့်တွေကြားမှာ
လှုပ်နိုးခဲ့ရသူပါ
အတိတ်နဲ့အနာဂါတ်မှာမင်းရှိနေပေမယ့်
မင်းနဲ့ငါ့ တွေ့ဆုံတုန်း မင်းကိုငါ့
ရူးမိုက်စွာနဲ့ ချစ်ခဲ့မိတာအမှန်ပါ
ဒါပေမယ့်..
မင်းကိုချစ်တဲ့ ငါ့ရဲ့အချစ်တွေကို
မင်းကလှည့်စားမှုတွေနဲ့
မင်းရဲ့အချစ်ကိုရူးသွပ်စွာ
ကိုးကွယ်မိတဲ့ငါ့ကို
ပြင်းထန်စွာဒဏ်ခက်ထားတယ်လေ
အချစ်ကိုရိုသေလေးစားပြီး
ကိုးကွယ်ခံစားတတ်တဲ့သူနဲ့
အချစ်ကိုတန်းဖိုးမထားတတ်တဲ့
ပေါ့ပျက်ပျက်ခံစားတတ်တဲ့သူနဲ့
ဘယ်သူပိုခံစားရမယ်ဆိုတာ
မင်းထင်သလဲ...
ချစ်ကြင်နာရသူ မင်းက မသိသလိုစိမ်းကားနေမှတော့
ငိုတော့မယ်ပြင် ရွာတောမယ်တကဲကဲ
စိမ်းလဲ့စိုဝန်းမျက်ဝန်းအစုံ
စွတ်စွတ်စိုမျက်ရည်တွေနဲ့
ကြွေတော့မည်ကြယ်တွေပမာလို
ငါကလွမ်းဆွေးမှုတွေကို
အပြင်ထုတ်မပြတတ်တော့
မခံစားရဘူးလို့မင်းထင်နေတာလား
မင်းကိုချစ်တဲ့စိတ်တစ်ခုနဲ့
မင်းပျော်ရွှင်အောင်မင်းအလိုကျ
ပျော်ရွှင်အောင်ဟန်ဆောင်နေပေးတာကို သတိမှရသေးလား....
No comments:
Post a Comment