Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 19 June 2012

ဘ၀ရထား

ဘ၀ ဆိုတာ အချိန်မှန်မှန်
ခုတ်မောင်းနေတဲ့
ရထားတစ်စင်း ဆိုပါဆို့။

ဘ၀ရထားကလေး
အရှိန်ပြင်းပြင်း ခုတ်မောင်းနေရင်း
ယုံကြည်ချက်တွေနဲ့ ရှေ့ ဆက်ရမဲ့
အနာဂတ်တွေ တပွေ့တပိုက်နဲ့
လူသားတစ်ဦး လိုက်ပါလာခဲ့တယ်
သာယာပျော်ရွှင်မှုတွေနဲ့ပေါ့။

တစ်နေရာအရောက်
မထင်မှတ်ထားတဲ့
ခရီးသည်တစ်ယောက်
မဖိတ်ခေါ်မိပေမဲ့
သူ့အလိုလို
 ဘ၀ရထားပေါ် တက်လာခဲ့တယ်။

တစ်ယောက်တည်းအဖော်မဲ့နေတဲ့
ငါ့ဘ၀အတွက် ထာဝရ
ခရီးသွားဖော်အဖြစ်သတ်မှတ်ပြီး
ဖြူစင်တဲ့ ခင်မင်မှုတွေနဲ့
ငြိမ်းချမ်းအေးမြတဲ့
မေတ္တာတရားတွေ ပေးလိုက်မိတယ်။
မောပန်းနေတဲ့ ရထားကြီး
အနားယူဖို့ ဘူတာတစ်ခုကို
ရောက်ရှိခဲ့ချိန်မှာ ခရီးသွားသွားဖော်က
လိုရာခရီးရောက်ပြီမို့
အချစ်တွေကို သိမ်းဆည်း
အလွမ်းတွေကိုလက်ဆောင်အဖြစ်ပေးခဲ့ပြီး
နှုတ်ဆက်လက်ပြခြင်း ကင်းစွာ
ဆင်းသွားခဲ့တဲ့အတွက်
ရှေ့ ဆက်ရမဲ့ ဘ၀ခရီးဟာ
ပျော်ရွှင်ခြင်းပျောက်ဆုံးသွားတဲ့
အသည်းကွဲခရီးသည်တစ်ယောက်
ဘ၀ဆိုတဲ့ ရထားကြီးကို
ရှေ့ဆက်ရအုံးမှာပါလားးးးးး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့