မော်တော်ယာဉ်နှင့် နေထိုင်မှု ပစ္စည်းများပြပွဲကို ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင် ၂ရက်နေ့တွင် ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာတော့ ၀င်းကို ကားကုမ္ပဏီ ၊ Crown Myanmar ကုမ္ပဏီ ၊ အောင်သိန်းသန်း ကားကုမ္ပဏီ အစရှိတဲ့ နာမည်ကြီး ကားကုမ္ပဏီတွေ ပါဝင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုဘိုင်းလ်ဖုန်း ၊ Laptop များနဲ့ IT နဲ့ ဆက်စပ်ပစ္စည်းများအပြင် ပရိဘောဂပစ္စည်းများ ၊ အိမ်တွင်းအလှဆင် ပစ္စည်းအမျိုးမျိုး ၊ အီလက်ထရောနစ်ပစ္စည်း အမျိုးမျိုးတို့ကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြပွဲကို ပြသရခြင်းကတော့ ကားဝယ်မယ့်သူများကို တစ်နေရာထဲမှာ ၀ယ်ယူနိုင်အောင် စီစဉ်ပြီး ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကိုတော့ Jade Grown ကုမ္ပဏီမှ ကြီးမှူးကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Automobile & Living Products Show မှာတော့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က ပါဝင်ပြသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

No comments:
Post a Comment