*** အချစ်ဆိုတာ ဘာလည်း …??? ***
ဒိုင်ယာရီထဲမှာ
ကြေကွဲစရာနေ့တွေ
ငါ့ကိုလေလှောင်ပြောင်
ပြုံးပျော်ယောင်သန်းနေကြတယ်…
ကွန်ကရစ်လမ်းပေါ်မှာ
ဒဏ်ရာများစွာနဲ့ငါ
ကြယ်တာရာတွေက ခနဲ့လည်း
တကိုယ်တည်းပဲလမ်းလျှောက်ခဲ့တယ်…
နာကျင်မှုတွေထပ်ကာတတ်
လက်ဆွဲနုတ်ဆက်လို့လေ
အကြင်နာတွေနဲ့လမ်းမထက်
ပြေးလွားဆော့ကစားတတ်ခဲ့တယ်…
သန်းခေါင်ယံညနက်ထဲမှာ
အထီးကျန်စွာတေးသီ
အမုန်းတရားစီထဲပဲ
စိန်ခေါ်ပွဲတွေနွဲခဲ့တယ်…
နောက်ဆုံးမတော့ကွယ်
အားလုံးရယ်လှောင်ရယ်သလို
အချစ်ဆိုတာ
ဘာလည်းလို့ငါပဲ
မချင့်မရဲလေးတွေးနေမိတယ်…
No comments:
Post a Comment