Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

မိတ်ကောင်းဆွေကောင်း ဆိုသည်မှာ...။

မိတ်ကောင်းဆွေကောင်း ဆိုသည်မှာ...။

                         စစ်ပွဲတစ်ပွဲကို ဆင်နွဲနိုင်ဖို့အတွက်... လူအင်အားတောင့်တင်းရုံနဲ့  မရပါဘူး....။ တိုက်ပွဲရဲ့ အောင်မြင်မှုကိုရဖို့ အဓိကကျတဲ့  လိုအပ်မှုဟာ လက်နက်ပါ...။ လက်နက်ကောင်းမရှိရင် ဘယ်တိုက်ပွဲကိုမှ အောင်မြင်အောင် မတိုက်နိုင်ပါဘူး...။

                      ဒုတ် ဓါး လက်နက်ကို သေနတ်နဲ့ အနိုင်ယူနိုင်မည်..။ လက်နက်ငယ်များနှင့်တပ်ဖွဲ့ကို  အမြောက်တစ်ချက်ပြစ်လိုက်ရုံနဲ့
အလွယ်တကူအနိုင်ယူလိုက်နိုင်ပါမည်..။ ထိုကဲ့သို့ပဲ.... ကျွန်တော်တို့  ဖြတ်သန်းရတဲ့လူ့ဘ၀ခရီးရှည် တိုက်ပွဲတွေ အတွက် ပိုင်ပိုင်နိုင်နိုင် ဖြတ်သန်းကျော်လွန်ရောက်ရှိနိုင်အောင်  လက်နက်လိုပါတယ်..။ ဒီလက်နက်ဟာ တခြားမဟုတ်ပါဘူး "" မိတ်ကောင်း   ဆွေကောင်း"" ဆိုတဲ့လက်နက်တစ်ခုပါပဲ... ။


           ""မိတ်ကောင်းဆွေကောင်း "" ဆိုရာမှာ အပေါ်ယံရှပ်ပေါင်းပြီး သာရင်ပေါင်း  မသာရင်မပေါင်းဘူး ဆိုတဲ့ ၊ ကိုယ်နဲ့ပေါင်းသင်းနေ
တဲ့ ရေပေါ်ဆီ မိတ်ဆွေမျိုးတွေကို ဆိုလိုတာ မဟုတ်ပါဘူး...။  ကိုယ်မြင့်မားတဲ့အချိန်မှာ ဘေးကနေ မုဒိတာ ပွားများပြီး ကိုယ့်အကျိုးစီး
ပွားကို ထိမ်းသိမ်းပေးတဲ့ သူ...။  ကိုယ်နိမ့်ပါးပျက်ဆီးကျရှုံးနေတဲ့ အချိန်မှာ ကိုယ့်ကို အူလှိုက်သည်းလှိုက် ထပ်တူမျှနာကျင်ပေးတဲ့
သူတွေကိုသာ  ""မိတ်ကောင်းဆွေကောင်း"" လို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်....။


              အချိုးအကွေ့အထုအနှက်ပေါင်းများစွာရှိနေတဲ့  လူ့ဘ၀မှာ ရှင်သန်နေရတဲ့ လူတစ်ဦးအတွက် အမှန်တကယ် မိတ်ကောင်း
ဆွေကောင်း ရှိဖို့လိုအပ်လှပါတယ်...။ 


          တကယ်တော့ လူ့ဘ၀ ဖြတ်သန်းခြင်းခရီးစဉ်ထဲမှာ ရှင်သန်နေကြတဲ့ ကျွန်တော် တို့တတွေဟာ ""လှုပ်ရှားရုန်းကန် လူ့ဘဝ
အမှန် "" ဆိုတဲ့ စကားစဉ်လေးအတိုင်း လူ့ဘ၀ကို အရှုံးမပေးစတမ်း ရှင်သန်လှုပ်ရှားနေကြရမှာ မှန်သော်လည်း...... မိမိတစ်ဦးတည်း
 ဖြေရှင်းမရသော လူ့ဘ၀အခက်အခဲတွေနဲ့  ကြုံတွေ့လာရတဲ့ အခါ အကူအညီ ဧကန်မလွဲ လိုအပ်တတ်ကြပါတယ်...။

         ဒီအချိန်မှာ "" မိတ်ကောင်းဆွေကောင်း"" ရှိတဲ့ သူဟာ သူတွေ့ကြုံရတဲ့ အခက်အခဲ ပြဿနာကို လွယ်လင့်တကူ ကျော်ဖြတ်နိုင်
မှာ ဖြစ်ပြီး....... မိတ်ကောင်းဆွေကောင်း ဆိုတဲ့  လက်နက်မရှိတဲ့ သူဟာ လဲပြိုပြီး ကျရှုံးရမှာပါပဲ...။


        သို့ကြောင့် ဘ၀တိုက်ပွဲတစ်ရပ် အောင်မြင်စွာ ဆင်နွဲလိုသောသူတိုင်းသည်... ကိုယ့်အတွက် မိတ်ကောင်းဆွေကောင်း များစွာ
အမှန်လိုအပ်သည့်အတွက်  ကိုယ်ဖြတ်သန်းရာ ဘ၀တစ်လျှောက်၌ တွေ့ကြုံလာရသော မိတ်ဆွေ အပေါင်းအသင်းများထဲမှ စိတ်စေတ
နာ ဖြောင့်မှန်၍ အဆုံးစွန်ပေးဆပ်  စွန့်လွှတ်အနစ်နာခံရဲသော "မိတ်ကောင်းဆွေကောင်း" များအား မိမိတို့အတွက် မှန်ကန်စွာ ရွေးချယ်
တန်ဖိုးထား ဆက်ဆံသင့်ကြပါသည်....။ ရှာဖွေထားသင့် ကြပါသည်...။


         "မိတ်ကောင်းဆွေကောင်း"  ဟူသည်....

 "" နွေအခါတွင် ကိုယ့်အတွက် အရိပ်အာဝါသကောင်း အဖြစ်ခိုလှုံနိုင်သော အေးမြသည် သစ်ပင်ကြီးတစ်ပင်ဖြစ် သလို....မိုးအခါတွင်
ကိုယ့်ကို လေဒဏ်မိုးဒဏ်မှ လွတ်ကင်းအောင်လုံလုံခြုံခြုံ စောင့်ရှောက်ပေးသော အိမ်ကလေးတစ်လုံးနှင့်တူသည် ဟုသာ 
ဝင်္က၀ုတ္တိအင်္လကာထား၍  ပုံပမာဖွဲ့ ဖွင့်ဆိုလိုက်ချင်ပါသည် ""....။ 




မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး..။

၁။ပေးနိုင်ခက်သော ၀တ္ထုပစ္စည်းကိုပေး၏..။
၂။ပြုနိုင်ခက်သော ၀တ္ထရားကို ပြု၏ ။
၃။အလွန်အမင်းသည်းခံ၏...။
၎။လျိုဝှက်ထိုက်သောအမှုကို မပေါ်အောင် လျိုဝှက်ထား၏ ..။
၅။လျိုဝှက်အပ်သော အမှုကိုသူ့အား လျိုဝှက်ရန် ပြောကြားပေး ၏..။
၆။ဘေးရန်ကြုံသောအခါတို့၌  မစွန့်ပြစ်ထားခဲ့..။
၇။ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင်မပြု...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့