Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်ရန် အတွက် ထောက်ခံ ခွင့်ပြုစာ ပေးအပ်ခဲ့


မြန်မာနိုင်ငံမှာ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင် နိုင်ဖို့အတွက် ပထမအဆင့် အနေနဲ့ လေ့လာမှုတွေ ပြုလုပ်ဖို့ကို ဂျပန်နိုင်ငံ အခြေစိုက် Marubeni
Aerospace Corporation အဖွဲ့ကို ထောက်ခံ ခွင့်ပြုစာ ပေးအပ်မှု ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ပေးအပ်မှုကို ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ တော်ဝင် နေပြည်တော် ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်မှ ထောက်ခံ ခွင့်ပြုကြောင်းစာ ပေးအပ် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အတွက် ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင် ရင်တော့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ သစ်တောရေးရာ၊ ဓာတ်သတ္တု ရှာဖွေရေး အစရှိတဲ့ ကဏ္ဍတွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာ အာကာသမှ အဝေး အာရုံခံ စနစ်နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် ဖို့အတွက် ထားရှိမယ့် မြေနေရာ ရွေးချယ်ခြင်း၊ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ကဏ္ဍ အလိုက် လိုအပ်ချက်နဲ့ အသုံးဝင်မှု တွေကို ဆွေးနွေးခြင်းများ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ ပထမအကြိမ် ဆွေးနွေးမှု ကိုတော့ ဇွန်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ပြုလုပ် လျက်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့က ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု အသုံးပြုမယ့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ၀န်ထမ်းတွေကို နည်းပညာ ဆိုင်ရာ သင်တန်းများ ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ မြန်မာနိုင်ငံ အတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုဟ်တု လွှတ်တင် နိုင်ဖို့ကို ဂျပန်နိုင်ငံ အစိုးရမှ ကူညီ ထောက်ပံ့ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့