ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ် အောက်ပစ္စယံတွင် နှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် အဖြစ် မုဒ်ဦးနဲ့ ကျောက်စာကို တည်ဆောက် သွားမှာ ဖြစ်တယ်လို့
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ မုဒ်ဦးနဲ့ ကျောက်စာကို ယခု လက်ရှိ မှာတော့ ရွှေတိဂုံ စေတီတော် အလှူ ရန်ပုံငွေ ထဲကပဲ ဆောက်လုပ် သွားမှာဖြစ်ပြီး နောက်ပိုင်းတွင် အလှူရှင် ပေါ်လာပါက ကမ္ဗည်း မှတ်တမ်း တင်ပြီး လှူဒါန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ မုဒ်ဦးနဲ့ ကျောက်စာကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လကုန်တွင် အပြီးဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ မုဒ်ဦး ကိုတော့ အ၀င် ၁ ပေါက် အထွက် ၁ ပေါက် ၂ ပေါက် ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ ကျောက်စာ မှာတော့ မြန်မာ၊ အင်္ဂလိပ်၊ ပါဋ္ဌိ၊ သက်ကရိုက်လေး ဘာသာနဲ့ ကမ္ဗည်း ထိုးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု လက်ရှိမှာတော့ ရွှေတိဂုံစေတီတော်တွင် ပြည်တွင်းပြည်ပ ဘုရားဖူး လာရောက်သူများနဲ့ စည်ကားလျက် ရှိတာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

No comments:
Post a Comment