Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

တရုတ်ရေငုပ်သင်္ဘော ရေအောက်မီတာ ၆၀၀၀ အထိ ရောက်ရှိ

တရုတ်နိုင်ငံက လူလိုက်ပါတဲ့ ရေငုပ်သင်္ဘော  Jaiolong ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပထမဆုံးရေငုပ်ခရီးစဉ်ကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီး
မိခင်သင်္ဘောဆီကို ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ အဲဒီ Jaiolong ရေငုပ်သင်္ဘောမှာ ရေငုပ်သမား ၃ဦး လိုက်ပါသွားခဲ့ပြီး အဲဒီခရီးစဉ်ကို ဒေသစံတော်ချိန် နံနက် ၉နာရီခန့်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘောနဲ့ ရေအောက် မီတာ ၆၀၀၀အနက်ကို ဒေသစံတော်ချိန် နေ့လယ် ၁၂နာရီမှာ ရောက်ရှိခဲ့ပါတယ်။ အဆိုပါရေငုပ်သင်္ဘောဟာ ပင်လယ်ရေမျက်နှာပြင် အထက်ကို ပေကျင်းစံတော်ချိန် နေ့လယ် ၂နာရီကျော်လောက်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ 

အဲဒီ Jaiolong ရေငုပ်သင်္ဘောဟာ ဒေသတွင်းရာသီဥတုနဲ့ ပင်လယ်ပြင် အခြေအနေတို့ပေါ်မှာ မူတည်ပြီး နောက်ထပ် ရေငုပ်ခရီးစဉ် ၅ခု ထပ်မံလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဲဒီခရီးစဉ်တွေမှာ တစ်ခုထက်တစ်ခု ပိုမိုနက်ရှိုင်းစွာ ငုပ်သွားမှာဖြစ်ပြီး ငါးကြိမ်မြောက်နဲ့ ခြောက်ကြိမ်မြောက် တို့မှာတော့ ရေအောက် အနက်မီတာ ၇၀၀၀အထိရောက်ရှိအောင် ငုပ်သွားမယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့