Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 June 2012

ဂျပန် နိုင်ငံမှ ရေနက်ပိုင်း ငုပ်သည့် စံချိန်ကို တရုတ် ချိုးဖြတ်

တရုတ် နိုင်ငံမှာ လူပါသည့် ပင်လယ်ရေအောက် ရေငုပ် စံချိန်သစ်ကို တင်လိုက်နိုင်ပြီ ဖြစ်ကာ ပစိဖိတ် သမုဒ္ဒရာ အတွင်းတွင် ရေအောက်မီတာ ၆၆၀၀ ကို
ငုပ်ပြီး ယခုလို တင်လိုက်နိုင်ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံ ပင်လယ် သမုဒ္ဒရာ အုပ်ချုပ်ရေး အဖွဲ့မှ ပြောရာ၌ လူ ၃ ဦး ပါဝင်သည့် Jiaolong  ရေငုပ်ယာဉ်ဖြင့် သောကြာနေ့ နံနက်ပိုင်းက ငါးနာရီကြာ ရေငုပ်ခဲ့ကာ ရေအောက်အနက် ၆၆၇၁ မီတာသို့ ရောက်ရှိခဲ့ကြောင်း ပြောသည်။

ယခု စံချိန်မှာ လွန်ခဲ့သည့် ၁၉၈၉ ခုနှစ်က Shinkai ရေငုပ်ယာဉ်ဖြင့် ဂျပန်တို့ တင်ထားခဲ့သည့် စံချိန်ဖြစ်သော ၆၅၂၇ မီတာကို ကျော်လွန် လိုက်နိုင်ခဲ့ခြင်း ဖြစ်ကာ မာရီယာနာ ချောက်အတွင်းသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရုတ် အုပ်ချုပ်ရေး အဖွဲ့မှ ပြောရာတွင် Jiaolong ရေယာဉ် အနေဖြင် ပင်လယ်ရေအောက် မီတာ ၇ ထောင်ကို ရောက်ရှိရန် အတွက်  ၆ ကြိမ်မြောက် ကြိုးစားသွားမည် ဖြစ်ကာ အဖွဲ့ အနေဖြင့် ယင်းရေယာဉ်တွင် တပ်ဆင်ထားသည့် ပစ္စည်းများ၏ အသုံးပြုနိုင်မှုကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။ ယခုလို အတွေ့အကြုံမှ တစ်ဆင့် တရုတ်နိုင်ငံ အနေဖြင့် ပင်လယ်ကြမ်းပြင်ထဲမှ သဘာဝ အရင်းအမြစ်များကို ရှာဖွေ ဖော်ထုတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြား သွားခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့