Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

နတ်ဆိုးရဲ့လက်ထဲမှာပျောက်သွားသော မျော်လင့်ခြင်းများပြန်လည်တူးဖော်ခြင်း

ရင်မှာရှိတဲ့...သစ်သီး
ကဲ...လမ်းတစ်ဝက်တော့ ရောက်နေပြီ
ပြောဖို့ စကားတွေကျန်ခဲ့တယ်
ပြောစရာစကားတွေ ရှိနေသေးတယ်

ဖြစ်သင့်တဲ့ဘဝမှာ ..
မရှိသင့်တဲ့ အတွေးတွေနဲ့  လေညင်းခံတယ်
ရိုးသားခြင်းတွေကို ဆားရေစိမ်
လူကြားသူကြားထဲ ပွဲထုတ်ကြ
ဒီစကားလုံး ဒီမြေမှာပျောက်ဆုံးနေတာ ကြာပြီ
ကြယ်တွေတောင် တိမ်ညိုတွေကြား
အိပ်ငိုက်နေတာကြာပြီ

မိုးပွါးမှုတွေ ထူ၊သိပ်သည်း
အသက်ရူချောင်ဖို့ သူတစ်ပါး
သူတစ်ပါး အသက်ရူသံတွေ
လျစ်လျူရူ့နေကြပြီ...

ငါအခုချိန်ထိ ရိုးသားခြင်းကို
စာလုံးပေါင်းသတ်ပုံ မှန်အောင်ပေါင်းလိုမရသေးဘူး

သောကတွေက......တောင်တန်းတွေလို
မျက်ရည်တွေက......သမုဒွရာတွေလို
ဒုကွတွေက.........မိုးကောင်းကင်လို
လေမှာ..မမျောလွင့်ချင်ပါနဲ့..

ကဲ..ကဲ ဒီတိမ်ညိုမဲတွေ ရွာချလိုက်
ရင်ဘတ်တွေကို ဆေးကြော
အတွေးတွေကို အကောင်းမြင်လွင်ပြင်ဆီပို့

ဒုကွဆိုတဲ့ သစ်သီးတစ်လုံး
ရင်ဘတ်တွေမှာ ကိုယ်စီရှိတယ်
သုခဆိုတဲ့ တခါးလည်းပွင့်လျတ်ပါ။
(မင်းသျှင်)
စိတ်
ထွက်ပေါက်မရှိတာ မဟုတ်ပါဘူး
ကိုယ်ကိုတိုင် ထွက်ပေါက်တွေ ပိတ်ထားခဲ့တာပါ
ပြောင်းလဲခြင်း..ပုံစံကွဲလွဲမှုတွေကြားထဲမှာ
တခါတရံ အမှန်တရားဆိုတာ.....ပုံပြောသူပါ
ဓားသွာတွေခင်းထားတဲ့လမ်းဆိုလည်း
မှီခိုချင်တဲ့ စိတ်တွေသက်ပြင်းတစ်ခုလို
အငွေ့ ပျံလိုက်....
အိပ်မက်တိုင်မဖြစ်နိုင်ပေမယ့်
စိတ်ကူးတွေကို ပြိုင်ပွဲဝင်သင့်ပြီ
လေလွင့်တက်တဲ့ တိမ်တွေကို အားမကျချင်ပါနဲ့
လမ်းလျောက်ထွက်လို အရိပ်လိုက်ရင်
သွေးကြောင်တက်တဲ့ အရိပ်တွေ မခေါ်လာနဲ့
သုခ..ဒုကွ ..ဒီအမိုးအောက်မှာ
ဆနွတစ်စုံနဲ့ ..စိတ်သန်ရာကို ပျံသန်းနိုင်တယ်
ကိုယ်ကိုတိုင် ထွက်ပေါက်တွေကို ပိတ်ထားခဲ့တာပါ
ထွက်ပေါက်မရှိတာ မဟုတ်ပါဘူး

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့