Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

ဘ၀ဆိုတာဒီလိုပါကွယ်

ဝံပုလွေတစ်ကောင်နှင့် မြေခွေးတစ်ကောင် တောထဲ လျှောက်သွားနေခဲ့သည်။ ထိုစဉ် 
မလှမ်းမကမ်းမှ လာနေသော ယုန်လေးကို တွေ့လိုက်သည်။ မြေခွေးက ဆိုလိုက်သည်။ 

“ဒီကောင်ကို တီးထည့်လိုက်ရအောင်”
“အေး တီးထည့်လိုက်ရအောင်”
ဝံပုလွေက 
သဘောတူလိုက်သည်။ သို့ဖြင့် ယုန်ကလေးကို ဖမ်း၍ ပယ်ပယ်နယ်နယ် 
ရိုက်ထည့်လိုက်သည်။
“ဟ ကျွန်တော်ဘာလုပ်မိလို့ ကျွန်တော့်ကို 
ရိုက်နေကြတာလဲ”
ယုန်ကလေးက လူးလူးလိမ့်လိမ့်နေရာမှ မေးလိုက်သည်။
မြေခွေးက 
ဖြေလိုက်သည်။
“အင်း မင်းနားရွက်ထောင်ထောင်နဲ့လာလို့ကွ၊ 
သိပြီလား”
နောက်တစ်နေ့တွင် ယုန်လေးလမ်းလျှောက်ထွက်လာပြန်သည်။ ဘေးကန်းရန်ကင်း 
ဖြစ်စေရန် နားရွက်ကို ကုတ်ထားလိုက်သည်။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် လမ်းတွင် 
မြေခွေးနှင့် ၀ံပုလွေတို့နှင့် တွေ့ပြန်သည်။ မြေခွေးက ၀ံပုလွေကို 
ပြောလိုက်ပြန်သည်။
“ဒီကောင်ကို တီးထည့်လိုက်ရအောင်”
သို့ဖြင့် 
နှစ်ဦးသဘောညီစွာ ယုန်လေးကို တီးထည့်လိုက်ပြန်သည်။
ယုန်လေးက ထိတ်ထိတ်လန့်လန့် 
မေးလိုက်သည်။
“ဒီတစ်ခါကျတော့ ကျွန်တော့ကို ဘာဖြစ်လို့ တီးတာလဲ”
“မင်းနားရွက် 
ကုတ်လာလို့”
“မနေ့ကကျတော့ နားရွက်ထောင်လာလို့ ရိုက်တာ”
“အေးလေကွာ 
နားရွက်ထောင်လာလို့ ရိုက်တာ”
“အေးဗျာ ဒါဆို မနက်ဖြန်ကျရင် 
ကျွန်တော့်နားရွက်ဖြတ်ပြီးလာခဲ့မှာ”
ယုန်လေးက 
ဒေါသဖြင့်ပြောလိုက်သည်။
“အဲဒါဆိုတီးမှာပဲ”
မြေခွေးနှင့်ဝံပုလွေက 
ပြောလိုက်သည်။
“ဘာဖြစ်လို့တီးမှာလဲ”
“ယုန်ဖြစ်ပြီး နားရွက်မရှိလို့ တီးမှာ”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့