Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 17 June 2012

ချစ်ခြင်းဖြင့် ဖန်တီးထားတဲ့ ကမ္ဘာ

အဲဒီကမ္ဘာမှာ
ကိုယ်တို့ လက်တွေ တင်းတင်းကျပ် ဆုပ်ကိုင်ထားကြမယ်
မင်း ပခုံးကိုခေါင်းမှီပြီး ကောင်းကင်ပြာကြီးကို မော့ကြည့်မယ်
လက်သန်းချင်း ချိတ်ပြီး ဘယ်တော့မှ မခွဲဖို့ သစ္စာပြုကြမယ်
နွေးထွေးတဲ့ ရင်ခွင်ကျယ်မှာ သောကတွေ ခဏဖယ်ပြီး
ခေါင်းချချင်ပါတယ်။
ချစ်သူရေ.........
စိတ်ကူးယဉ် အိမ်မက်တွေနဲ့ နိုးထလာတဲ့ မနက်ခင်းတိုင်း
ကိုယ့် နှုတ်ခမ်းတွေ အလိုလိုပြုံးမိတယ်
အပြင်မှာ
ဘယ်လိုပဲ ပေါင်းစပ်ခွင့်တွေ
ဝေးပါစေကွယ်
ကိုယ် ပိုင်ဆိုင်တဲ့
ကိုယ့် ကမ္ဘာမှာတော့
မင်း နဲ့ မခွဲဘဲ
အမြဲ ရှိနေချင်ပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့