ပုဂံဒေသ အတွင်း မှာရှိတဲ့ အုတ်ကျောင်း ၂၀ ကျော်ကို အခုနှစ် အတွင်းမှာ ပြုပြင် သွားဖို့ ရှိတယ်လို့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ရှေးဟောင်း သုတေသန၊ အမျိုးသား
ပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ပြုပြင်ရာ မှာလည်း ပုဂံဒေသ အုတ်ကျောင်း အတွင်းရှိ သိမ်၊ ဥမင် တို့ကို ပြုပြင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပုဂံဒေသ အတွင်းရှိ ပုဂံ ရှေးဟောင်း စေတီဘုရား ၆၃ ဆူအား ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ပုဂံဒေသ အတွင်းမှာ ပြုပြင်ဖို့ ကျန်တဲ့ အုတ်ကျောင်းဟာ ၃၅၀ ကျော် ပြင်ဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အခုလို ပြုပြင်ဖို့ ကျန်ရှိတဲ့ အုတ်ကျောင်း ၃၅၀ ကျော်ထဲကမှ အခုနှစ် မှာတော့ ပျက်စီး နိုင်တဲ့ အခြေအနေ ရှိတဲ့ အုတ်ကျောင်း ၂၀ ကျော်ကို ပြုပြင် သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြုပြင်ဖို့ အတွက်ကို လှူဒါန်းလိုတဲ့ သူတွေ အနေနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၄၀၈၀၂၇ သို့ ဆက်သွယ် စုံစမ်းမေးမြန်း လှူဒါန်း နိုင်တယ် ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment