ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ပွဲတရပ်ကို ဇွန်လ ၁ ရက်နေ့က မြန်မာ နိုင်ငံသားများစုစည်းပြီး ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ဗြိတိသျှ ၀န်ကြီးချုပ် နေအိမ် တည်ရှိရာ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

လက်ရှိ အချိန်တွင် နိုင်ငံခြားသား တချို့သည် ရိုဟင်ဂျာများဘက်မှ ထောက်ခံပေးနေခြင်း အပေါ် အခြေအနေမှန်ကို သိစေလို၍လည်း ယခုလို ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။
“ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင် ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိသျှ ၀န်ကြီးချုပ်အပါအ၀င် ဗြိတိသျှ အမတ်တွေနဲ့ တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ ခုလို လုပ်ရတာ ဖြစ်ပါတယ်။”
၎င်းပြင် တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှ ပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်း စုကြည်အား ဖိအားပေးပြိး ရိုဟင်ဂျာကို တိုင်းရင်း လူမျိုး တစ်မျိုး အဖြစ် အသိအမှတ်ပြုအောင် စီစဉ်နေသည်ဟု ဆိုသည်။
“ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီး သူတို့တွေဟာ မြန်မာ နိုင်ငံရဲ့ လူမျိုးစု တခု ဖြစ်တယ်။ ဗမာ အစိုးရကသော်၎င်း၊ ဗမာလူမျိုးတွေကသော်၎င်း၊ ရခိုင်လူမျိုးတွေက သော် ၎င်း၊ သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့ တစာစာအော်ပြီးတော့ ဗြိတိသျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် လက်ခံအောင် ပြောမယ့် ကိစ္စတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည် သဘောပေါက်လာအောင် ကျွန်မတို့က အသိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဒီရိုဟင်ဂျာ အရေး ကိစ္စဟာ မြန်မာနိုင်ငံ အတွက် ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့ မေးမြန်းရာ သူမက ယခုလို ပြောသည်။

မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွား မြန်မာ လူမျိုးများ ရှိကြောင်း၊ သူတို့ အနေဖြင့် မြန်မာနိုင်ငံသား အဖြစ်ဖြင့် ပျော်ရွင်စွာ နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်း သူတို့ကဲ့သို့ နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအဖြစ် ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများ အနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်း ကန့်ကွက်စရာ မရှိပါကြောင်း၊ သို့သော်သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကို သူတို့ ပြည်နယ် ဖြစ်ကြောင်း မဟုတ်မတရား သမိုင်းလိမ်များဖြင့် ကမ္ဘာတွင် လိမ်လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ အပါ အ၀င် မြန်မာနိုင်ငံ ပြည်ထောင်စု တိုင်းရင်းသားများ ၁၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
၎င်းအပြင် ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူအားလုံးက အချက် ၉ ချက်ပါ လန်ဒန်ကြေငြာစာတမ်း London Declaration 2012 ကို တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဗြိတိသျှ ၀န်ကြီးချုပ်ထံ ပေးပို့ ခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment