Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

မျက်မမြင်(၆)ယောက်ဟာသ

ကားလမ်းမ ၁နေ့ရာ အရောက် အလွန်မှ ထူးဆန်းပီး ရှေးကျသော စာအုပ် ၁အုပ် ကောက် ရ ခဲ့သည်။
စာအုပ် ကို ဖွင့်လိုက်သောအခါ  ...............................
ကိုမျိုး ။       ။ အား ............ မျက်စိ နေထိုးတယ် !
တောက် တဲ့ ။      ။ ဘယ်ကသာ မနက် ၅နာရီ ပဲ ရှိသေးတယ် ..........
မိုးလေး ။      ။ ဟဲ့ ကောင် တွေ ..... အော် ..... ငါ တို့က မျက်မမြင် ၆ယောက် လေ .....
ဗီလိန်လေး ။     ။ အေးလေ ... နင် တို့ လုပ် မှ အကုန်အလွဲတွေ ဖြစ် ကုန်ပီ ....
isme ။     ။ ညက ဖဲဝိုင်းလေးကောင်းလို့ ခုမှ အိပ် မလို့ လုပ် နေတာ ဘယ်ကောင်ငါတို့ ပုဆိုး (အဲ ဟုတ်ပါ ဘူး)
စာအုပ်ကို လာလှန်တာ လဲ ...
casperlay ။    ။ ကဲ မထူးပါဘူး ... စာအုပ် အပြင် ရောက် လာမှ တော့ မဒီလေးတွေ ကိုလိုက် မှိုက် တာပေါ့
တောက်တဲ့ ။    ။ သေအုံးမယ် ...ဟိုကောင် တော့ .. သောက်ကန်းက သောက်ရမ်းလုပ် လို့ သောက်ဖမ်း ခံရအုံးမယ်
ဘာမှတ်နေလဲ ....
casperlay။    ။ ဟုတ် ..... ဟုတ် ...ဟုတ် ။
ကိုမျိုး ။     ။ ဟဲ့နေကြပါအုံး ... ငါတို့ ဘယ် နေရာရောက် နေလဲ မေးကြပါ အုံး ..... တော်နေကြာ မာဆက်ထဲ ရောက် နေလို့  အဖမ်းခံရတဲ့ အထဲ ပါနေအုံးမယ် ... ဟို နိုင်ငံ မှာ အဲ့တာတွေ ခေတ်စားနေတယ် ပြော တယ် ....
ကျွန်တော် ။     ။ နေကြပါအုံး ခများတို့က ဘယ် သူတွေ လဲ ..... ဘာလို့ စာအုပ် ထဲကနေထွက် လာတာလဲ
(မိတ်ဆွေ မဖြစ် နိုင်ဘူးမတွေးလေနှင့် မြန်မာနိုင်ငံ မှာတောင် ရွေးကောက်ပွဲ လုပ်ပီးသွားပီ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ
မရှိတော့)
ဗီလိန်လေး။    ။ ကျွန်တော် တို့ ၆ယောက်က သူငယ်တန်းမြန်မာဖတ်စာထဲက မျက်မမြင် (ပုဏ်ဏား ) ၆ယောက်
ဖြစ်လေသည် ... အသင်ကကော ... ယခုကျွန်တော် တို့ ဘယ်ဒေသသို့ ရောက်ရှိ နေပါ သနည်း...........
ကျွန်တော် ။    ။ အခုက ၂၂ ရာစုရဲ့ မြန်မာနိုင်ငံတော် ကို ရောက် ရှိနေတာပါ ....
မိုးလေး။   ။ဟိုက် ... မြန်မာနိုင်ငံ ဟုတ်စ ... ဘယ်လို ဟာကြီး လဲ .....

ကျွန်တော် လဲ မဖြေရှင်းနိုင်သည့် အဆုံး မြန်မာနိုင်ငံကို သိစေရန်မြန်မာ နိုင်ငံ မြေပုံကို ထုတ်ပြပီး မျက်စိ မမြင်သော
ကြောင့် လက် ဖြင့် စမ်းစေ သည် ...

ကိုမျိုး ။      ။ (မြန်မာနိုင်ငံမြေပုံဧ။် ရခိုင်ပြည်၊ချင်းပြည်နယ်နှင့် အိန္ဒိယ နယ် စပ်နေရာကိုစမ်းမိပြီး )ညီတို့ရေ ... အကိုကိုင် ကြည့် ရ သလောက်တော့ မြန်မာနိုင်ငံ ဆိုတာ ထမင်းအ၀စားထားတဲ့ဗိုက်ကြီးသည် နဲ့တူတယ် ကွ .....
ဘာလို့ လဲ ဆိုတော့ ရှိသမျှစားသောက်ပီး ဗိုက်ကဖေါင်း အဆီရစ် နေတဲ့ ဗိုလ်ချုပ် ဗိုက်ကြီးသည် များ နဲ့ တူတယ် လို့
အကိုတော့ ထင် တယ် .....

တောက်တဲ့ ။   ။ အကို အထင် နဲ့ပြောဖို့စောပါသေးတယ် ... ကျွန်တော် ကိုင်ကြည့် မယ် .....
(ရှမ်းပြည်နယ် လောနိုင်ငံ နယ် စပ်ကို စမ်းမီပီး) ဟိုက် .... ညီအကိုတို့ ၀ပ်နေ မလှုတ် နဲ့ .... ဒီကောင် ခါးကြားမှာ
သေနပ်ရှိ တယ် ...
အော် မြန်မာနိုင်ငံ ဆိုတာ သေနပ် ခါးကြားညှပ်ပီး ဂိုက်ပေးကြမ်း နေတဲ့ သူနဲ့ တူ တာကို ......

မိုးလေး ။    ။ အာ မဟုတ်သေးပါ ဘူး ကျွန်တော် စမ်းကြည့် အုံးမယ် ...
(ကချင်ပြည်နယ် ရှိသော မြန်မာနိုင်ငံ အပေါ် ပိုင်း ကိုစမ်းမိပြီး) ညီတို့ ရယ် မြန်မာနိုင်ငံ ဆိုတာ သရဖူ ဆောင်းထားတဲ့
ဘုရင် နဲ့ တူ တာပါ ...

ဗီလိန်လေး ။     ။ (တနင်္သာရီ ဒေသကိုစမ်းမိပြီး)ဘယ်ကသာ ပေါက်ကရတွေလျှောက် ပြော နေတယ် .... ဒီမှာကြည့်
ဆင်အမှီး တွေ့ လား ... ဆင် တောင် မှ ဆင်ဖြူလေး ...ဟဲဟဲ
မြန်မာနိုင်ငံ ဆိုတာ တိရစ္ဆာန်တွေလို အမှီး တွက် နေတဲ့ သူနဲ့ တူတာ

isme ။    ။ မင်းတို့ ပဲ တွေ့ရာ ပြောမနေနဲ့ ငါ လည်းရှိသေးတယ် ..... (မြန်မာနိုင်ငံ မြေပုံဧ။် အလယ် ပိုင်းကို စမ်းမိပြီး)
ဟိုက် ..... ဗုဒ္ဒေါ ... ဘာမှ လဲ မရှိ ပါ လား ပြောင်ချောကြီးပဲ ... အော် မြန်မာနိုင်ငံ ဆိုတာ ဘာမှ ကုန်းကောက်စရာမရှိအောင် ပြောင်သလင်းခါ နေတဲ့ နေရာကို ပြော တာ ပါ့ လား .....

casper lay ။    ။ အော် နောက် ဆုံး ငါပဲကျန်တော့ ပါ လား ... ငါ ကတော့ မစမ်းကြည့် တော့ ဘူး
အရှေ့ ကအကိုတွေ ပြောသွားတာကို သုံးသပ်ပီးတွေးလိုက် မယ် ... မြန်မာ နိုင်ငံ ဆိုတာ ...
သေနပ်ခါးချိတ် ၊ သရဖူဆောင်း ဘုရင်လို ပုံနဲ့ ၊ အမှီးထွက် နေတဲ့ ၊ မသတာရေစာစားပီး ၀ဖြိုးနေတဲ့ ဗိုလ်ချုပ်ဗိုက်ကြီး
သည် တွေ နေတဲ့ ကုန်းကောက်စရာ မရှိ တဲ့နေ၇ာကိုခေါ်တာပါ့ လား ....

ကျွန်တော် ။    ။ ကဲကဲ တော် ကြပါ တော့ တော် ကြပါ တော့ ... ကြာကြာဆက် ပြောနေရင် ကျွန်တော့ လဲ ကားလာခ်ါတော့ မယ် ... တောင်းပန်ပါ တယ် နော် တော် ကြပါ တော့ ...

ကျွန်တော် လဲ ကိုယ် စသည့် ဇတ် ကိုယ် မနိုင်သဖြင့် စာအုပ် ထဲသို့ ပြန်ထည့် မည် စီစဉ်ရာ မျက် မမြင် ၆ယောက် မှာ
အမေရိကား ခိုလုံခွင့် ဗီဇာကို လျှောက် ထားပြီး  refugee အဖြစ် ခံယူသွားလေသည် ..... ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့