လွမ်းဆွေးမှုတွေကြား ထုံနေတတ်တဲ့ကျွန်မစိတ်
အချစ်ဆိုတဲ့အရာ ရောက်ရှိလာခဲ့တယ်
ချိုသာတဲ့ သံစဉ်တေးသွားတစ်ပုဒ်
ကျွန်မ ဆိုညည်းနေမိတယ်
အဲ့ဒီညက လှတယ် .....။
ရင်ခုန်သံအပျော်တွေ စီးတဲ့ မြစ်မှာ
နှလုံးသားက ခေါ်တဲ့အသံလောက်
ဘယ်သံစဉ်စာသားမှ ပြီးပြည့်စုံအောင်
ဖန်တီးနိုင်ဖို့  မဖြစ်နိုင်ပါဘူး .....။
မူပိုင်လမ်းနဲ့ မူပိုင်နှလုံးခုန်သံ အနိမ့်အမြင့်
အတက်အကျသံစဉ်နဲ့ စည်းချက်ညီ ကခုန်ခြင်းမှာ
ဟန်ချက်ပျက်စရာဆိုတာ မရှိစကောင်း .....။
ဒီလမ်းဒီခရီးမှာ အသက်ထက်မျှ
ရိုးသားစွာ လျှောက်လှမ်းရင်း
တွဲလက်တွေ မြဲကြမယ် မှတ်ယူခဲ့တယ်......။
ဒါပေမဲ့ ကျွန်မရဲ့ အိပ်မက်ကလေး ... သူ
လေးနက်မှုကဘာလဲဆိုတာ သိမှသိရဲ့ လားဟယ်
ပေးနိုင်တဲ့အရာမှန်သမျှ ကျွန်မပေးခဲ့ပါတယ်
ယူတတ်ရင်ယူပါ တန်ဖိုးထားပါ လွတ်မချမိပါစေနဲ့ .....။
မညီမျှခြင်းဆိုတာ သူ့အတိုင်းဆက်လက်တည်ရှိနေစမြဲပါ
ဘာကြောင့်ဆို ညီမျှခြင်းတွေအလိမ့်လိုက်တက်လာတဲ့
ကောင်းကင်ကပေးတုန်း မယူတတ်ခဲ့ရင် တိမ်ဖုန်းသွားတော့မှာ .....။
နစ်ခဲ့မိတဲ့ ကျွန်မအချစ်တွေ
စွဲလန်းခဲ့တဲ့ တမ်းတခြင်းတွေ
လွမ်းဆွတ်မိတဲ့ အလွမ်းဒဏ်ရာဒဏ်ချက်တွေ
စောင့်ဆိုင်းမိတဲ့ မျှော်လင့်ခြင်းတွေ
ဘယ်လိုဖြစ်ဖြစ်ဆိုတဲ့ ခွင့်လွတ်ခြင်းတွေ
ကျွန်မ ဆက်ရပ်တည်နိုင်ပါ့မလား .....။
ထုံနေတဲ့ကျွန်မ နာကျင်တယ်ဆိုတဲ့အသိ
ခံစားဖို့တောင်အင်အားတွေ ပျောက်ရှနေတယ်
လမ်းဆိုတာလျှောက်ဖို့ဖြစ်လာပါတယ် ဆိုတဲ့အတွေးနဲ့
ကျွန်မ ............ ။
No comments:
Post a Comment