ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား လာပါက လောင်ကျွမ်းမှု အခြေအနေကို ချက်ခြင်း သိမြင်နိုင်ဖို့ အတွက် ရန်ကုန်မြို့တွင်းရှိ
နေရာ ၄ နေရာမှာ CCTV-Watching System တပ်ဆင် သွားဖို့ လျာထား လျက်ရှိတယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးရဲ့ ဖြေကြားချက် အရ သိရပါတယ်။ အခုလို လျာထားတဲ့ နေရာ ၄ နေရာ ကတော့ ဆူးလေ ဘုရားလမ်းရှိ ဆာကူရာတာဝါ၊ ရန်ကင်းရှိ မြ၀တီ တာဝါ၊ မရမ်းကုန်း မြို့နယ်ရှိ ဆက်သွယ်ရေး Exchang တာဝါနဲ့ ဘုရင့်နောင် ဈေးရှိ GSM တာဝါတိုင် တို့မှာ အဆိုပါ CCTV ကင်မရာများ တပ်ဆင် သွားဖို့ကို လျာထားတာ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ အဆိုပါ ၄ နေရာ တပ်ဆင်ဖို့ကို မီးသတ် ဦးစီးဌာန အနေနဲ့ လျာထား လျက်ရှိတာ ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူတွေနဲ့ ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို CCTV ကင်မရာတွေ တပ်ဆင် ထားမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား လာပါက နေ့ခင်း ဘက်မှာ မီးခိုးငွေ့ များနဲ့ ညဘက်မှာ မီးတောက် အရောင်များ တွေ့ရှိတဲ့ နေရာတွေရဲ့ ပုံရိပ် တွေကို ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ကြည့်ရှုနိုင်ဖို့ အတွက် CCTV-Watching System ထိန်းချုပ်ခန်းကို မရမ်းကုန်း မြို့နယ်ရှိ မီးသတ် ရုံးချုပ်မှာ ထားရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ မီးလောင်မှု ဖြစ်ပွား လာပါက ဖြစ်ပွားရာ နေရာကို CCTV မှ ချက်ခြင်း တွေ့မြင်ရမှာ ဖြစ်ပြီး ရုံးချုပ်မှ တစ်ဆင့် နီးစပ်ရာ မီးသတ် စခန်းကို မီးငြိမ်းသတ်ဖို့ အတွက် မီးသတ် ယာဉ်တွေ စတင် စေလွှတ်ပြီး အခြေအနေကို မပြတ် လေ့လာ စောင့်ကြည့်ဖို့ အတွက် စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment