အာဆီယံ စီးပွားရေး အသိုက်အမြုံ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂ လ တစ်ကြိမ် ပြုလုပ်သွားရန် ရှိ
Saturday 23rd June 2012
၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ် လာမယ့် Asean Economic Community (AEC) အာဆီယံ စီးပွားရေး အသိုက်အ၀န်း အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ AEC
အလုပ်ရုံ ဆွေးနွေးပွဲကို ၂ လ တစ်ကြိမ် ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ AEC အလုပ်ရုံ ဆွေးနွေးပွဲကို ပထမဦးဆုံး အကြိမ် အဖြစ် ဇူလိုင်လ ၅ ရက်နေ့မှာ Chatrium Hotel မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲ မှာတော့ အာဆီယံ စီးပွားရေး အသိုက်အ၀န်း AEC အကောင်အထည် ဖော်ဆောင်ရာမှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် နိုင်ရေး အတွက် ကြိုတင် ပြင်ဆင် ရမယ့် အချက်တွေကို ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေး နိုင်မှာ ဖြစ်ပြီး လူဦးရေ ကန့်သတ် ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမှာ အတွေ့အကြုံ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင် ကြီးများက ဦးဆောင် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို AEC ရဲ့ နောက်ခံ သမိုင်းနဲ့ မျှော်လင့်ချက် များကို ပိုမိုသိရှိ နားလည် စေဖို့၊ AEC ဖြစ်ပေါ်လာ ပြီးနောက် ပေါ်ပေါက် လာမယ့် အခွင့်အလမ်းနဲ့ စိန်ခေါ်ချက် များကို သိရှိနားလည် နိုင်စေဖို့ အတွက် ၀ိုင်းဝန်း ဆွေးနွေး ကြမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖြစ်ပေါ် လာမယ့် အာဆီယံ ဒေသတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှု အခန်း ကဏ္ဍမှာ မိမိရဲ့ စီးပွားရေး လုပ်ငန်းများကို ထိရောက်စွာ ကာကွယ်နိုင်ကာ ကြိုးစား ပြင်ဆင်ဖို့၊ ဌာနဆိုင်ရာများ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ အစီအစဉ်များကို သိရှိစေဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို တက်ရောက် လိုသူများဟာ ဇူလိုင်လ ၂ ရက်နေ့ နောက်ဆုံး ထားပြီး PT & MM Event Ads Co. ကို စာရင်း ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment