Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

တာဝန်သိ ခရီးသွား လုပ်ငန်း မူဝါဒ မူကြမ်း ရေးဆွဲပြီးစီးခဲ့

တာဝန်သိ ခရီးသွား လုပ်ငန်း မူဝါဒ မူကြမ်းကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာန၊ နိုင်ငံခြား ဧည့်သည် ၀င်ရောက်မှု အဆင်ပြေ လွယ်ကူရေး
ကော်မတီ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နဲ့ ဂျာမနီနိုင်ငံ အခြေစိုက် Hanns Seidel Foundation စသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း များက ပူးပေါင်း ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ တာဝန်သိ ခရီးသွား လုပ်ငန်း မူဝါဒ မူကြမ်းကို ရည်ရွယ်ချက် ၉ ရပ်ဖြင့် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်တွေ ကတော့ ခရီးသွား လုပ်ငန်းဟာ နိုင်ငံတော် အဆင့် ဦးစားပေး ကဏ္ဍတစ်ခု ဖြစ်စေရန်၊ ခရီးသွား လုပ်ငန်းကို ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အခြေခံပြီး ချဲ့ထွင် သွားရန်၊ ကွဲပြား ခြားနားသော၊ စစ်မှန်သော ယဉ်ကျေးမှု များကို ထိန်းသိမ်းရန်၊ ခရီးသွား ထုတ်ကုန် ကြွယ်ဝမှု၊ ကွဲပြား ခြားနားမှုနဲ့ အရည်အသွေး ရှိမှုတို့ အပေါ် ယှဉ်ပြိုင်ရန် စတဲ့ အချက်တွေ ပါဝင်တာ ဖြစ်ပါတယ်။

ဒ့ါအပြင် ကမ္ဘာလှည့် ခရီးသည်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ လုံခြုံစိတ်ချမှု များအား သေချာစွာ ဆောင်ရွက်ရန်၊ ခရီးသွား လုပ်ငန်းကို စီမံခန့်ခွဲရန် အတွက် သက်ဆိုင်သည့် ဥပဒေ များကို ပိုမိုခိုင်မာ စေရန်၊ ခရီးသွား လုပ်ငန်း ဆိုင်ရာ သင်တန်း များကို စနစ်တကျ လေ့ကျင့် သင်ကြား ပေးခြင်းနဲ့ စွမ်းရည် ရှိတဲ့ အလုပ် အင်အားစု ဖွဲ့စည်းရန်၊ လူကျင့်ဝတ်နဲ့ မညီတဲ့ အလေ့အကျင့် များအား လျော့ကျစေရန် အစရှိတဲ့ ရည်ရွယ်ချက် တွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့