Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

ရယ်လေရယ်လေ အသက်ရှည်

~~အချည်းနှီး~~

ဆရာ။ ။အကျိုးမဲ့အချည်အနှီး လုပ်ရပ်တစ်ခုလောက် နမူနာပြပါ။

တပည့်။ ။ထိပ်ပြောင်ပြီးဆံပင်မရှိတဲ့ လူကို ဆံပင်ဆိုးဆေးရောင်းဖို့
ကြိုးစားတာပါ။


~~တော်ပါပေ့~~

ဆရာမ။ ။တပည့်တို့ ဘယ်လမှာ ၂၈ရက် ရှိသလဲ။

ဂျော်နီ။ ။လတိုင်းမှာ ရှိပါတယ်။


~~အမှန်ပဲ~~

တပ်ကြပ်။ ။ရဲဘော်၊ တကယ်လို့ မြောက်ဘက်ကိုကျောပေး၊
တောင်ဘက်ကို မျက်နှာမူပြီးရပ်နေတဲ့အချိန်မှာ
မင်းရဲ့ဘယ်လက်မှာ ဘာရှိလဲ။

ရဲဘော်။ ။လက်ချောင်းတွေ။


~~ငန်ဦးမယ်~~

သင်္ဘောသားတစ်ယောက် အိမ်ပြန်ခွင့်ရတုန်း လည်ချောင်းနာလို့ ဆရာဝန်ပြတယ်။
ဆရာဝန်[စစ်ဆေးကြည့်ရှုပြီးနောက်] ဆားငန်ရေနဲ့ ပလုပ်ကျင်းပါ။

သင်္ဘောသား။ ။ဗျာ ကျွန်တော်ကပင်လယ်ထဲသင်္ဘောနစ်ပြီး အိမ်ပြန်လာတာ။
ဆားငန်ရေထပ်မျိုရဦးမယ်ဟုတ်လား။


~~တော်ပါသေးရဲ့~~

ရဲဘော်။ ။ဗိုလ်ကြီးကတော့ တွေ့ဘူးသမျှထဲမှာ အတုံးဆုံးဘဲနာကြီးပါကွာ။

ကောင်မလေး။ ။ကျွန်မဘယ်သူလဲဆိုတာ ရှင်သိရဲ့လား။ ကျွန်မကဗိုလ်ကြီးရဲ့ သမီးရှင့်။

ရဲဘော်။ ။ငါဘယ်သူလဲဆိုတာ မင်းသိရဲ့လား။

ကောင်မလေး။ ။မသိဘူး။

ရဲဘော်။ ။ဘုရားမတာပဲ။


~~အံ့စရာ~~

သင်္ဘေသား။ ။စစ်အတွင်းတုန်းက ငါတို့သင်္ဘောကို တိုပီဒိုထိပြီးနစ်တယ်။ တစ်ပတ်လုံးလုံး
ငါးသေတ္တာဘူးနဲ့ပဲ ငါအသက်ဆက်ခဲ့ရတယ်။

အံ့သြသွားသူ။ ။ဘုရား ဘုရား လိမ့်ကျမှာမကြောက်ဘူးလား။
မော်ဒန်ဂျာနယ်မှာတသ်ပြလိုက်ပါသည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့