Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

ကျောက်မျက်ရတနာ လုပ်ငန်း၊ ကွန်ပျူတာနှင့် အပိုပစ္စည်း လုပ်ငန်း အပါအ၀င် စီးပွားရေး လုပ်ငန်းများ အလိုက် တွေ့ဆုံ ဆွေးနွေး သွားမည့် မြန်မာ-ထိုင်း စီးပွားရေး တွေ့ဆုံမှု

ထိုင်းနိုင်ငံ Federation of Thai Industries (FTI)၊ ထိုင်းစီးပွားရေး သံမှူးရုံး ရန်ကုန်နဲ့ UMFCCI တို့ ပူးပေါင်းပြီး ကျောက်မျက် ရတနာ လုပ်ငန်း၊
ကွန်ပျူတာနဲ့ အပိုပစ္စည်းများ လုပ်ငန်း အပါအ၀င် စီးပွားရေး လုပ်ငန်း အမျိုးအစား ၁၅ မျိုးခန့်မှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင် များနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် ဇွန်လ ၂၁ ရက်နေ့ UMFCCI မှာ တွေ့ဆုံဆွေးနွေး သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံ ဆွေးနွေး ပွဲမှာတော့ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များဟာ စာရေး ကိရိယာ အမျိုးမျိုး၊ မုန့်ဖုတ် လုပ်ငန်း အသုံးအဆောင် ပစ္စည်း အမျိုးမျိုး၊ လျှပ်စစ် ပစ္စည်း အမျိုးမျိုး၊ အ၀တ်အထည် လုပ်ငန်း စတဲ့ လုပ်ငန်းတွေ ကိုလည်း ပြည်တွင်းက လုပ်ငန်းရှင် တွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စားအုန်းဆီ လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ အချိုရည်နဲ့ အဖျော်ယမကာ လုပ်ငန်း၊ အလှကုန် လုပ်ငန်းနဲ့ လူသုံးကုန် ပစ္စည်း အမျိုးမျိုး လုပ်ငန်းတွေ အတွက် ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့